Part8

136 13 0
                                    

(Zawgyi)

အခုရက်ပိုင်း ကလေးငယ်နဲ့သူနဲ့သိပ်စကားမပြောဖစ်ဘူး
လုံးဝ..စကားမပြောဖစ်တာဆိုရင်ပိုမှန်မယ်ထင်တယ်။

မနက်ဆိုရင်လဲ သူထက်အရင်ကျောင်းကိုထွက်ထွက်
သွားတတ်တယ်။
နေ့လယ်ကျောင်းကပြန်လာရင်လဲအခန်းထဲကနေလုံးဝကို
ထွက်မလာ။

ဘာတွေကများ သူတို့ရဲ့အခြေအနေကိုပိုပီးဆိုးရွားသွား
စေတာလဲသူမသိတော့ဘူး
သူသတ္တိမရှိခြင်းကြောင့်ဆိုရင်တော့ ဒီပြသနာကိုဖြေရှင်းဖို့
သူ့မှာအဖြေမရှိလောက်ဘူး။
မကြိုးစားကြည့်ချင်ဘူးလားလို့မေးရင်
ကြိုးစားကြည့်ချင်တာပေါ့

ကို့အမေနဲ့အဖေကိုသတ်ခဲ့တဲ့
မိသားစုရဲ့မိသားစုဝင်တစ်ဦးကို သူဘယ်လိုလွယ်"ခွင့်လွှတ်
လို့ရပါ့မလဲ။
ရှေ့ဆက်တိုးချင်တဲ့နှလုံးသားနဲ့တားမြစ်နေတဲ့အသိစိတ်ကြား
မှာ သူကိုယ်တိုင်တောင်လမ်းပျောက်နေသူမို့
မရေရာတဲ့ခံစားချက်တွေနဲ့ကလေးငယ်ကိုသူ့ဘေးနားမှာ
ဆက်မထားချင်တော့ရုံပါ။
ကလေးငယ်ကိုမချစ်တော့ဖို့ကြိုးစားမိရုံနဲ့တင် ပြိုလဲရတဲ့
သူစိတ်ကိုတော့လျစ်လျူရှူထားလို့ဖစ်တယ်မလား..။

•••

Ring~

အတွေးလွန်နေမိတုန်းဖုန်းဝင်လာတာမလို့
ကောက်ကိုင်လိုက်တော့

'Mr.WangYiboလားမသိဘူး'

'ဟုတ်ပါတယ် ဘယ်သူလဲမသိဘူး'

'ရဲစခန်းကပါ ရှောင်းကျန့်ဆိုတဲ့ကလေး
ရန်ဖစ်ပီးရဲစခန်းရောက်နေလို့ပါ သူ့အုပ်ထိန်းသူကိုမေးတော့
ခဗျားနာမည်ပြောလာလို့'

'ဘာ!ဟုတ်ပီ ကျနော်အခုလာခဲ့ပါ့မယ်'

အရင်ကသိပ်ကိုလိမ်မာတဲ့ကလေး ဘယ်သူနဲ့မှရန်ငြိုးရန်စ
မရှိဘူးတဲ့ကလေးငယ်က ရန်ဖစ်တယ်ဆိုတာ
လုံးဝအဓိပ္ပါယ်မရှိတဲ့အရာတစ်ခုပင်

ဒေါသစိတ်ရောစိုးရိမ်စိတ်ပါရောပြွန်းနေတဲ့စိတ်အစဉ်ကြောင့်
ကားအရှိန်ကိုမိုင်ကုန်တင်မိပြန်သည်။

'အတွယ်တာနွံ'/'အတွယ်တာနွံ'[On Going]Where stories live. Discover now