Part9

127 11 0
                                    

နိုးထလာတဲ့မနက်ခင်းက အရင်လိုမှိုင်တွေငေးမောနေခြင်း
များမရှိ..
ဦးရဲ့အချစ်တွေကိုမြင်တတ်ခဲ့တာက သူ့ကိုယ်တိုင်
ပျော်ရွှင်နေရခြင်းရဲ့အကြောင်းပြချက်လှလှလေးတစ်ခု။

သီချင်းတအေးအေးနဲ့ရေချိုးခန်းထဲဝင်ပီး
ပြန်ထွက်လာတော့လဲ မှန်ရှေ့မှာတစ်ယောက်ထဲ
အမူအရာကျင့်နေရခြင်းက ဦးရှေ့မှာချစ်ဖို့ကောင်းအောင်
ဆို့းဖို့သာ။

အောက်ထပ်ကိုဆင်းလာတော့ ထုံးစံအတိုင်း
ဦးက စားပွဲမှာထိုင်လို့်မနက်စာတောင်စားနေပီ။

'အ့'

'ဟင် ရှောင်းကျန့် ဘာ ဘာဖစ်တာလဲ'

'ဟင့် အဲ့ကော်ဖီတွေ'

အမြဲတမ်းနမော်နမဲ့ရှောင်းကျန့်ဟာ ကော်ဖီကိုဖန်ခွက်ထဲ
ထည့်တာတောင်အပေါက်အလမ်းမတည့်ပဲအပူလောင်ခြင်း
သာ။

'ဒီဟာတွေ လာသိမ်းလိုက်တော့!'

အော်လိုက်တဲ့အသံမျိုးမဟုတ်ပေမယ့်
ဒေါသထွက်နေတာကသိသိသာသာမို့ဦးရဲ့အသံကတင်းမာနေ
သည်။

'အရမ်းပူသွားလား လာရေဆေးရအောင်'

လေသံအေးအေးလေးနဲ့ပြောလာတဲ့ဦးက
စောစောကဒေါသထွက်၍လေသံတင်းမာနေသူက
သူမဟုတ်သလို။

ကြီးကြီးမားမားဒဏ်ရာရသည်မျိုး မဟုတ်ပေမယ့် သိပ်ကိုသည်းသန်
နေသည့်ဦးကြောင့် ကြည်နူးမှုလေးကရင်ထဲနွေးခနဲ။

အပူလောင်သည့်နေရာကိုရေဆေးချတော့နီရဲတက်လာသည်
ကိုကြည့်ရင်း ဦးမျက်ဝန်းတွေကဝမ်းနည်းရိပ်လေး
ကိန်းအောင်းလာတာမို့ မနေတတ်သူကပင်တားဆီးရသည်။

'အရမ်းမဆိုးပါဘူး ကျန့်ဘာမှမဖစ်ပါဘူး
ဆေးလိမ်းလိုက်ရင်သက်သာသွားမှာတစ်ရက်ပဲ'

'အင်း ဟုတ်ပီ'

မျက်ဝန်းအရောင်လေးလျော့တော့မှ စိတ်သက်သာရာရ
တော့သည်။

ကိုယ်ကကိုယ့်နာကျင်မှုထက်သူ့နာကျင်မှုကိုပိုကြောက်
တာမျိုး.......။

'ဦး'

'အင်း'

'ဟိုလေ'

'အတွယ်တာနွံ'/'အတွယ်တာနွံ'[On Going]Where stories live. Discover now