Part2

206 17 0
                                    

(Zawgyi)

ငိုရင်းအိပ်ပျော်သွားသည့်နောက် နိုးလာတဲ့အချိန်က
ညမိုးချုပ်နေလေပီ

"သွားပီ..ဦးဖို့ ညစာမပြင်ပေးရသေးဘူး"

အောက်ထပ်ကို ဒရောသောပါးပြေးဆင်းတော့
ထမင်းစားပွဲမှာထိုင်ကာ ညစာစားနေပီဖစ်တဲ့ ဦးကြောင့်
ရင်ဘတ်ထဲထိတ်ခနဲ..
အဆူခံရမှာဆိုးလို့မဟုတ်ပဲ
အပြင်စာတွေမကြိုက်တဲ့ဦးက သူ့ကြောင့်အပြင်ကနေ
မှာစားနေရတာကိုတွေ့လိုက်ရတော့ ဝမ်းနည်းမှုကအလုံးအရင်းနဲ့လှိုက်တက်လာတယ်

'ဦး'

'ကျန့်တောင်းပန်ပါတယ် ဦး အိပ်ရာကနေမနိုးဘူးဖစ်သွား
တယ်'

'မင်းငါ့ကိုတမင် ထမင်းမချက်ပေးချင်လို့
အချောင်သွားခိုနေတာမဟုတ်ဘူးလား'

'မဟုတ်ရပါဘူး ဦးရယ်'

'မင်းကိုငါမမြင်ချင်ဘူး မင်းသွားလိုက်တော့'

'ဦး....'

အဆုံးနားမှာတိမ်ဝင်သွားပီးရှိုက်သံသဲ့သဲ့ထွက်လို့
မျက်စိရှေ့ကထွက်သွားတဲ့ကျောပြင်ငယ်လေးကို
သိုင်းဖက်ကိုထွေးပွေ့ချင်ပေမယ့်လဲ မဖစ်နိုင်ဘူးဆိုတဲ့
ဦးနှောက်ကတားတယ်။

ထမင်းချက်မပေးထားလို့ စိတ်တိုရခြင်းမဟုတ်ပေမယ့်
ကလေးရဲ့အမှားမဟုတ်ပါပဲ တောင်းပန်နေခြင်းကြောင့်
စိတ်တိုနေရခြင်းသာ။

ငိုထားလို့မို့ဖောင်းနေတဲ့မျက်ဝန်းလေးတွေကို
ခပ်ဖွဖွနမ်းလို့ ပြုံးစေချင်ခဲ့ပေမယ့်
ဒွိဟတွေဖစ်လာတဲ့အခါ အော်ငေါက်မိတယ်

စိတ်ထဲမပါပဲအော်ငေါက်လိုက်ခြင်းတွေကြောင့်
ကလေးငယ်ရဲ့မျက်ရည်ကျတဲ့အခါ
ဦးရဲ့ ရင်တွေအကြိမ်ကြိမ်ကွဲတယ်

ရှောင်ဖယ်နေခြင်းတွေက မချစ်တော့လို့မဟုတ်ကြောင်း
ကလေးငယ် သိအောင် ပြောပြချင်စိတ်တွေက
အတိုင်းအတာမရှိ..

ကလေးငယ်သာ တစ်ခြားမိသားစုကမွေးဖွားလာခဲ့ရင်
ဦးရဲ့လျစ်လျူရှုခြင်းတွေက ကလေးငယ်အတွက်ဖစ်လာမှာ
မဟုတ်..

ဦးနှလုံးသားနဲ့ရင်းလို့ ချစ်ရတဲ့ကလေးငယ်ဟာ
ဦးတို့မိသားစုကိုသေကွဲကွဲစေလို့ဘဝကိုနင်းခြေခဲ့တဲ့
ရှောင်းမိသားစုရဲ့မိသားစုဝင်တဲ့လား။

'အတွယ်တာနွံ'/'အတွယ်တာနွံ'[On Going]Where stories live. Discover now