Episode _2 Zawgyi🍀🍀

137 18 9
                                    

Afterglow
Episode _2🍀🍀

ဒီနေ့၏ရာသီဥတုမှာ နည်းနည်းအုံ့မှိုင်းမှိုင်းဖြစ်နေသော်လည်း
ရိပေါ်အတန်းထဲရောက်သည့်အချိန်တွင်
ချွေးသည်ပြိုက်ပြိုက်ကျလို့ စိုရွှဲနေချေပြီ။
မနက်အစောကြီးထ၍
ဦးလေးခယ်၏ မုန့်ပုံးများသွားယူပေးရသည့်အပြင်၊
အိမ်တိုင်းစေ့ နွားနို့နှင့်သတင်းစာများ လိုက်ပို့ရသေးသည်။
ထို့နောက် ဦးလေးခယ်၏ ဆိုင်ကိုပါကူဖွင့်ရသေးသည်။
ဦးလေးခယ်သည် သူ့အား ကျောင်းနောက်ကျမည်စိုး၍
အတင်းလွှတ်ပါသော်လည်း
တဖြည်းဖြည်းနှင့်လူကျလာသည့် ဆိုင်ကြောင့်
ဦးလေးခယ်တစ်ယောက်တည်းဖြင့်
လုံးဝမဖြစ်ပါ။
ဦးလေးခယ်သည်
အလုပ်သမားခေါ်လျှင်ရပါသော်လည်း
သူ့အား,အားနာ၍ မခေါ်မှန်း ရိပေါ်သိသည်။
အဘယ့်ကြောင့်ဆိုသော်
ဦးလေးခယ်၏ ဆိုင်အလုပ်သမားအဖြစ်
ရိပေါ်တာဝန်ယူထားခြင်းဖြစ်သည်။
အဆုံးမှာတော့ သူ မနက်စာပင်မစားလိုက်ရ။
မနေ့ကတည်းကထမင်းမစားရသေးသဖြင့်
ဆာလောင်နေသည့်ဗိုက်ကို လျစ်လျူရှုကာ
ဦးလေးခယ်ပေးထားသည့် ယောက်ျားစီး,စက်ဘီးကို ရေကုန်ရေခန်းနင်းကာ
ကျောင်းသို့ရောက်လာပြီးနောက်မှာတော့
အတန်းချိန်စရန် 5minsမျှသာ လိုတော့၏။

ထိုင်ခုံ၍ဝင်ထိုင်ပြီး၍
အသက်ပင် ဝဝမရှူရသေး
ရှေ့သို့ရောက်လာသည့် လက်ကိုင်ပုဝါအနီရောင်လွင်လွင်လေးကို
တွေ့လိုက်ရသည်။
ပေးလာသည်မှာ သူ၏ထုံကျောသစ်လေး။

"မင်း အအေးပတ်နေမယ် ချွေးတွေမြန်မြန်သုတ်လိုက်"

ထို့နောက်

"မင်းမနက်စာမစားရသေးဘူးမလား
ငါ့မှာ တူနာငါးsandwich ပါလာတယ်
ဒါပေမဲ့ ငါစားလို့မရလို့ မင်းကူစားပေးလို့ရမလား"

သူ့ရှေ့သို့ ရောက်လာသည့်
Sandwichဘူးပြားလေး။
အမှန်ဆိုရလျှင် သူsandwich မစားဖူးပေ။
Sandwich ဟူသည် ချိုသည်လော၊ခါးသည်လော သူမသိ။
ထိုအရာကို စားဖို့ရန်အတွက်လည်း မတတ်နိုင်။
သူအရမ်းစားချင်သည့် လမ်းထိပ်မှ အကင်ဆိုင်ဆီသို့ပင် မသွားတော့။
သူများတွေ သွားသွားစားကြသည့်
ဟော့ပေါ့ဟူသော အရာကိုလည်း
အနံ့မျှသာ ရှူဖူးသည်။
အခြားနာမည်ကြီးသည့် တုံးဖော်ဝက်လက်ပေါင်း၊
ကုန်းဘောင်ကြက်ကြော်၊ဝက်ချိုချဉ်ကြော်၊
ယွိရှန်းနဲ့ဝက်သားပြားကြော်၊
မာပိုတို့ဟူး၊ငါးရှာလကာရည်ချက်၊ငါးအသားလွှာ၊
ငါးချိုချဉ်၊ငါးခေါင်းရည်ငရုတ်ကောင်းခတ်၊
ဝက်သားနှစ်ပြန်ချက်....အစရှိသည်
စားဖူးသည်မဆိုထားနှင့် မြင်တောင်မမြင်ဖူးပေ။
ဦးလေးခယ်ကျွေးသည့် ဖက်ထုပ်ပြုတ်နှင့် ဖက်ထုပ်ကြော်ကိုသာ သူစားဖူးသည်။
သရေစာ,ဝယ်စားမည့် ပိုက်ဆံတို့ကို
နှမျောလွန်း၍ အကုန်စုဘူးထဲသို့ သိမ်းထားရာမှ
အဆုံး၌ သူတစ်ပါးဆီသို့သာ အခိုးခံလိုက်ရသည်။
အနှစ်နှစ်အလလ မစားမသောက်ဘဲစုဆောင်းထားရသည့်
ပိုက်ဆံတို့ဆုံးရှုံးလိုက်ရ၍
ခံပြင်းမိပါသော်လည်း ဝဋ်ကြွေးဟုသာတွေး၍
ဖြေသိမ့်ခဲ့ရသည်။
ဘေးကနေ ကျွန်တော်စားနေသည်ကို
ငေးကြည့်နေသည့် ထုံကျောသစ်လေးကို
ရှက်လာသည်။သူလည်းစားချင်လို့လားဟုတွေးမိလိုက်ရာ
Sandwich အပိုင်းလေးကို ထုံကျောထံသို့ဖဲ့ကျွေးမိသည်။

𝐀𝐟𝐭𝐞𝐫𝐠𝐥𝗼𝐰【𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝 】Where stories live. Discover now