Episode_1 Unicode 🍀🍀

1.4K 104 7
                                    

Suggestion song for
Singer_Daxuan
Title_静悄悄

Afterglow
Episode_1🍀🍀

ထိုနှစ်သည် ၂၀xxခုနှစ်။
ကျွန်တော်ရဲ့ အထက်တန်းစာသင်နှစ်၏ နောက်ဆုံးနှစ်ဖြစ်သည်။

သီတင်းပတ်တစ်ခု၏ ပထဆုံးရက်၌
ရာသီဥတုသည် ကောင်းမွန်နေပြီး
ကြည်လင်နေသော ကောင်းကင်ပြာနှင့်
လေတို့သည် တဖြူးဖြူးတိုက်ခတ်နေကြသည်။
ဆရာဝင်မလာခင် အတန်းထဲတွင်
ကျောင်းသားများ၏ဆူညံသံများက
တအုံ့အုံ့ကြွလျက်ရှိသည်။
ထိုစဉ် တစ်ဖက်မှ မိန်းကလေးတစ်သိုက်၏
ဘယ်မင်းသားက ဘယ်လိုချော၏။
ဘယ်မင်းသားကို အရမ်းကြိုက်၏။
ထိုသူ၏ ပိုစတာများ ဘယ်လောက်ဝယ်ထား၏။
ယင်းပိုစတာများကို ဝယ်လိုက်ခြင်းကြောင့်
သူမတို့၏မုန့်ဖိုးအကုန်လုံး သုံးမိသွားပြီဖြစ်ကြောင်း ပြောနေကြသည်။
သို့သော် သူတို့အကုန်လုံး ဝမ်းမနည်းကြသလို၊
စိတ်လည်းမပျက်နေကြ။
အားတက်သရောဖြင့် ထိုသို့သုံးဖြုန်းလိုက်ရခြင်းကို
ဂုဏ်ယူစရာဖွယ် ပြောနေကြသည်။
အပြိုင်အဆိုင်ပင် သူတို့၏အိုင်ဒေါလ်များအကြောင်း
ပြောနေကြသည်။
အိုင်ဒေါလ် သည်သာ ကမ္ဘာ။
အိုင်ဒေါလ်သည်သာ ဘဝ။
အိုင်ဒေါလ်သည်သာ အရာရာဟုပြောနေကြသည့်
ဤသို့ မိန်းကလေးများ၏ စိတ်မှာ တောင်စဉ်ရေမရသလို ခန့်မှန်း၍လည်းမရပါ။
ယခုနေ သူတို့ဟာနှင့်သူတို့,တန်းနေအောင်တည့်နေပါသော်လည်း၊ ခဏနေလျှင် ထိုချစ်လှစွာသော
အိုင်ဒေါလ်ကြောင့်ပင် စကားများကြလိမ့်ဦးမည်။
ဥပမာအားဖြင့်_ နင်သူ့(idol)ပွဲအတွက် လက်မှတ်ဝယ်တာ ငါ့အတွက်တောင်ပိုမဝယ်ခဲ့ဘူးတို့၊
နင်အတန်းလစ်ပြီး idol ပစ္စည်းတွေ သွားဝယ်တာ ငါ့ကိုတောင် မခေါ်ဘူးတို့၊
အစရှိသဖြင့်......
သူတို့စိတ်သည်သာ ပဓာမ,ကျသည်။
သို့သော် ထိုအချင်းအရာသည်
သူ၏အကြောင်းမဟုတ်ပါလေ။
ခဏအကြာ
တရုန်းရုန်းတညံညံဖြစ်နေသည့် အတန်းသားများ
ငြိမ်ကျသွားသည်။
ဤဖြစ်စဉ်သည် ဆရာလာလျှင် ဖြစ်နေကြမို့
ထူးခြားဖြစ်စဉ်မဟုတ်တော့။
ထို့ကြောင့် ထွေထွေထူးထူးကြည့်မနေခဲ့။
အတန်းပိုင်သည် အလွန်ပင်ကြောက်စရာကောင်းသည်။
အလွန့်အလွန်ကိုကြောက်ဖို့ကောင်း၏။
သူ၏တင်းကြပ်လွန်းသည့် စည်းကမ်းများနှင့်
ကျောင်းတွင် အရမ်းနာမည်ကြီးသော ဆရာတစ်ယောက်လည်း ဖြစ်၏။

𝐀𝐟𝐭𝐞𝐫𝐠𝐥𝗼𝐰【𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝 】Where stories live. Discover now