Episode _3🍀🍀(Unicode)

782 87 3
                                    

Afterglow
Episode_End

ဒီနေ့၏ရာသီဥတုမှာ တော်တော်လေးကိုမှိုင်းညို့နေပြီး
မိုးသည်လေးရက်ဆက်တိုက်ရွာနေတယ်။
ထို့အတူ ကျွန်တော့်၏ဘေးခုံနေရာလေးသည်
လစ်လပ်နေကာ ပိုင်ရှင်မဲ့လျက်ရှိနေတယ်။
သူ,ကျောင်းမလာသည်မှာ နှစ်ပါတ်မျှရှိရော့မယ်။

မနက်တိုင်း ကျွန်တော့်အတွက် မနက်စာယူလာပေးတတ်သည့် သူ့ကို
ကျွန်တော်သတိရသည်။

စာသင်ချိန်တိုင်းလိုလို အိပ်ငိုက်တတ်သည့်သူ့ကို
ကျွန်တော်သတိရသည်။

Self_studyအချိန်တိုင်း ဘေးမှ ခဏခဏလာနှောင့်ယှက်တတ်သည့်သူ့ကို
ကျွန်တော် သတိရသည်။

ကျွန်တော်စာလုပ်နေချိန် တစ်ချိန်လုံးဘေးမှ
မေးထောက်ကာ ပြုံးကြည့်နေတတ်သည့်သူ့ကို
ကျွန်တော် သတိရမိသည်။

ကျွန်တော့်အလစ်တိုင်း ပုံတူခိုးခိုးဆွဲတတ်သည့်
မျက်နှာဖျော့ဖျော့နှင့် ကောင်လေးကို
ကျွန်တော် လွမ်းဆွတ်မိသည်။

သူမရှိသည့်နှစ်ပါတ်လုံး ကျွန်တော့်စိတ်တွေလုံးဝမပျော်ရွှင်ခဲ့ပါလေ။

မိုးသည် သည်းထန်စွာဖြင့်ရွာသွန်းလာသည်။

တစ်ခါတုန်းက သူပြောဖူးသည့်စကားလေးများကို ပြန်တွေးမိသည်။

ရိပေါ် ငါမိုးကိုအရမ်းကြိုက်တာပဲ.. တဲ့

ဘာလို့လဲ..ဟု ကျွန်တော်ပြန်မေးတော့
သူပြန်ပြော၏။

"ဘာလို့လဲဆိုတော့ ငါမိုးကိုအရမ်းမုန်းလို့လေ..." တဲ့။

ထိုအချိန်တုန်းက
သူ၏ပြုံးရယ်နေသည့်
မျက်နှာဖျေ့ာဖျော့လေးကိုကြည့်၍ ငေးကြည့်ခဲ့ဖူးသည်။
အရမ်းကိုလှပသည့်အပြုံးလေးပင်။
ကြည်လဲ့နေပါသည့် အသွင်မတူသည့်မျက်လုံးလေးများနှင့်
ပြုံးရယ်နေသည့်နှုတ်ခမ်းပါးအောက်မှ မှဲ့လေး။
အောက်ဆီဂျင်ရှုနေရသည့် နှာခေါင်းထိပ်လေးသည်
အနည်းငယ်ရဲနေ၍၊ ပိုက်လေးကိုသပ်တင်ထားသည့်
နားရွက်ဖျားလေးများသည်လည်း အလားတူစွာပင်။

ခါးတွတ်နေသည့် အရောင်စုံဆေးများကို
မျက်နှာရှုံ့မဲ့နေသည့်ကြားမှ အတင်းမြိုချ၍
သောက်နေသည့်ကောင်လေးက

𝐀𝐟𝐭𝐞𝐫𝐠𝐥𝗼𝐰【𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝 】Where stories live. Discover now