XiaoZhan 's POV {Unicode}

683 86 1
                                    

Suggestion Song For
The One That Got Away

ဒီနေ့ကံဆိုးမိုးမှောင်ကျပြန်ပြီ။
ကျွန်တော် ဆေးရုံထပ်တက်ရ၏။
ငြီးငွေ့ပါသည်။
ထွက်ပြေးချင်သည်။
အုံ့မှိုင်းနေသော တိမ်လွှာများနှင့်အတူ
မိုးပြေးလေးသာ ဖြစ်လိုက်ချင်ပါသည်။

သို့သော် မိုးရေထဲတွင် ထိုင်နေသော
ကောင်လေးတစ်ယောက်အား တွေ့လိုက်သည်။
ကျွန်တော်သာ မိုးရေထဲထိုင်နေသည့်သူ့အား
အံ့သြတကြီးကြည့်နေပါသော်လည်း
သူကတော့ လက်ထဲကပေါင်မုန့်အပိုင်းလေးကိုသာ
အသည်းအသန်စားနေခဲ့သည်။
တစ်ပါးသူသည် သူ၏မုန့်ကို လုစားတော့မည့်အလား။

သို့သော် ထိုကောင်လေး၏အပေါ်သို့အုပ်မိုးလာသည့် မိုးပြာရောင်ထီးလေးတစ်ချောင်း။
ကျွန်တော် ထီးဆောင်းပေးသည့် သူအားကြည့်လိုက်သည်။
မှုန်ဝါးနေသောသူ၏မျက်နှာကို မြင်လိုက်ရသည့်အခါ
ကျွန်တော့်စိတ်ထဲပြောင်းဆန်သွားရသည်။

ကျွန်တော့်၏အချစ်ဦးအား ထိုကဲ့သို့ပြန်တွေ့ရမည်ဟု မထင်ထားခဲ့ပါ။
ထို့ကြောင့် ကျွန်တော့်၏ရင်ဘတ်မှ နှလုံးခုန်သံလေးသည် တဒုန်းဒုန်းဖြင့် အဆက်မပြတ်ဘဲ မြန်သည်ထက် ပို၍ မြန်လာ၏။
သူသည် အရင်အတိုင်းပင် မပြောင်းလဲသေးပါ။
ခုထိမျက်နှာသေဖြင့် နေနေဆဲ။
ကျွန်တော် သူ့အား စိုက်၍ကြည့်နေမိသည်။
သူ၏မျက်နှာသည် အေးစက်နေပါသော်လည်း
လမ်းဘေးတွင် မိုးရေထဲထိုင်နေသည့်ကောင်လေးအား
မကြည့်ရက်၍ထင့်။
သူ့ထီးကို ပေးလိုက်၏။
ထို့ကြောင့် သူ၏ကျောင်းယူနီဖောင်းမှာ မိုးစိုလေပြီ။
ကျွန်တော် အကြာကြီးမကြည့်လိုက်ရပါ။
သူသည် ကောင်လေး၏ခေါင်းအား ပုတ်၍ထွက်သွားလေပြီ။
ခေါင်းပေါ်သို့ လွှမ်းခြုံလိုက်သော အပေါ်ထပ်အကျီကျောပြင်မှ စာလုံးများသည်
သူ၏ကျောင်းနာမည်အား ဖော်ပြနေသည်။

ထိုစဉ်ခဏ ကျွန်တော် ကျောင်းပြန်တက်ချင်စိတ်ပေါ်လာသည်။

ထို့ကြောင့် တစ်စုံတစ်ယောက်ရှိရာ ကျောင်းဆီသို့။

~~~~🐾🐾🐾 ~~~~

ကျွန်တော်အတန်းထဲသို့ဝင်လာတော့

𝐀𝐟𝐭𝐞𝐫𝐠𝐥𝗼𝐰【𝐂𝗼𝗺𝐩𝐥𝐞𝐭𝐞𝐝 】Where stories live. Discover now