✨5🌸

317 32 9
                                    

(Zawgyi)

အရမ်းလည်းမပူ၊အရမ်းလည်းမအေးတဲ့ နေရောင်အောက်
ဆိုင်ကယ်လေးစီးရင်းလေညှင်းခံနေသည့်လူတစ်ယောက်။

" အလှဆုံး နေ့လေးပဲ "

ဒီလိုတိမ်ထူထပ်နေတဲ့နေ့လေးဟာ ဆိုင်ကယ်ဖြင့်အလုပ်လုပ်နေတဲ့သူအဖို့တကယ်ကိုအလှဆုံးနေ့လေးတစ်နေ့ဖြစ်သည်။

ကိုယ့်စားချင်တဲ့အစားအစာကို အပြင်ထွက်ဝယ်စရာမလိုဘဲအချိန်ခဏလေးအတွင်း ကိုယ့်ရှေ့ရောက်လာသည့်အခါပျော်သွားမိတဲ့ခံစားချက်လေးကိုကျွန်တော်ခံစားဖူးတာကြာင့် ဒီ food deliveryအလုပ်လေးကိုအများကြီးသဘောကျမိသည်။

"ဟင် ဘာလဲဟ"

ကျွန်တော်သွားပို့ပေးရမဲ့အိမ်ရဲ့လမ်းကြားထဲမှာကောင်လေးတစ်ယောက်ကိုကောင်လေးသုံးယောက်ကဝိုင်းရိုက်နေကြသည်။စကားပြောလိုက် ရိုက်လိုက်နှင့်အောက်ကကောင်လေးမှာမျောမျောသာကျန်တော့သည်။

နောက်ကျောကကြည့်ရင်တောင်ခန့်ညားလွန်းနေတဲ့ကောင်လေးဟာဘာကိုဒေါသထွက်သွားသည်မသိ၊ မျောမျောသာကျန်တော့သည့်ကောင်လေးရဲ့ခေါင်းကိုကိုင်ကာနံရံနှင့်ဆောင့်ပစ်လိုက်သည်။ နဖူးတစ်ဝိုက်သွေးများထွက်လာကာလဲကျသွားသည့်ကောင်လေး။

ထိုမြင်ကွင်းကိုမြင်ရက်သားနဲ့ရှောင်ထွက်သွားချင်မိတဲ့ကျွန်တော်ရဲ့တစ်ကိုယ်ကောင်းစိတ်ကိုနားလည်ပေမဲ့လည်း
သွေးတွေအလိမ့်လိမ့်ထွက်နေတဲ့ကောင်လေးကိုမျက်ကွယ်မပြုနိုင်ခဲ့ဘူး။

ကျွန်တော်ဟာပျော့ညံ့တယ်ယွန်းဂီယောင်းလိုသန်မာမနေခဲ့ပါဘူးဒါပေမဲ့လည်း

"တော်လိုက်တော့!!"

အေးချမ်းနေတဲ့ ကျွန်တော်ရဲ့ တစ်နေ့တာလေး ပျက်စီးသွားခဲ့ပြီ...

"oh..Min Yoongiရဲ့ ကပ်ပါးကောင်လေးပါလား"

"Jeon Jungkook မင်းပဲ"

"ဟား မင်းကဘယ်သူလို့ထင်နေတာလဲ...

ကျွန်တော် လက်သီးကိုသာကျစ်ကျစ်စုတ်ထားရင်အံ့ကိုသာကြိတ်နေမိသည်။

မင်းကိစ္စမဟုတ်ရင်ဝင်မပါသင့်ဘူးဆိုတာ မင်းရဲ့hyungမသင်ပေးထားဘူးလား ကလေးလေး"

𝙂𝐮𝐢𝐝𝐢𝐧𝐠 𝐒𝐭𝐚𝐫 (လမ်းပြကြယ်){ZG+Uni} SOPEWhere stories live. Discover now