✨1🌸

1.1K 57 4
                                    

သစ်ရွက်များပေါ်၌မိုးရေစက်များတွဲခိုကာမြေပြင်ပေါ်သို့တတောက်တောက်ကျဆင်းလျက်မနက်ခင်းနေရောင်ခြည်ကိုကြိုဆိုနေဟန်...။
ဒီလိုမနက်ခင်းလေးရဲ့အလှအပတရားကိုပန်းချီဆရာတို့စိတ်ကြိုက်ရေးဆွဲရင်တောင်ကုန်နိုင်မယ်မထင်။

"ဝါး...အိပ်လို့ကောင်းလိုက်တာ"
ုပြတင်းပေါက်မှန်ကိုဖွင့်ကာအပျင်းကြောဆန့်လိုက်သည်

"ဒီလိုကျတော့လည်းညကသည်းကြီးမိုးကြီးရွာခဲ့တဲ့မိုးကသူမဟုတ်တဲ့အတိုင်းပဲ မျက်နှာများလွန်းတဲ့မိုး"

သူဘာသာနေတဲ့မိုးကိုရန်တွေ့နေတဲ့ဒီကောင်လေးပုံစံကိုမြင်တဲ့သူတိုင်းရီမိမှာအမှန်...။

*ဒေါက်..ဒေါက်*( တံခါးခေါက်သံ)

"သားငယ်လေး နိုးပြီးလား"

"ဟုတ်ကဲ့"

"ဒါဆိုမြန်မြန်ပြင်ဆင်တော့ကျောင်းသွားဖို့နောက်ကျနေအုန်းမယ်"

"ဟုတ်ကဲ့ မေမေ"
ရေချိုးခန်းထဲဝင်ကာသွားတိုက်ရေမိုးချိုးပြီး ကျောင်းသွားရန်ပြင်ဆင်လိုက်သည်

ဟီး..ကျွန်​တော်အကြောင်းကိုသိချင်နေကြပြီးထင်တယ် ပြောပြရမယ်ဆိုရင်
ကျွန်တော်အမည်ကတော့ jeong Hoseok သူငယ်ချင်းတွေကတော့hobiလို့ပဲခေါ်ကြတယ်၊ဖေဖေ၊မေမေ၊နူနာနဲ့ကျွန်တော် မိသားစု4ယောက်ပေါ့၊ဖေဖေကseoulမြို့မုာcoffeeဆိုင်ဖွင့်ထားတယ်၊မေမေကတော့အိမ်ရှင်မပေါ့၊နူနာကလည်းseoulမြို့မုာပဲပန်းဆိုင်​လေးဖွင့်ထားတယ်
ကျွန်တော်တို့မိသားစုကအရမ်းချမ်းသာတာမျိုးမဟုတ်ပေမဲ့ဆင်းလည်းမဆင်းရဲကြဘူး စိတ်ချမ်းချမ်းသာသာနဲ့ပျော်ပျော်ရွှင်ရွှင်နေကြတဲ့သာမာန်အလတ်တန်းစားမိသားစုလေးတစ်ခုပါ၊
ကျွန်တော်တို့မိသားစုက Gwangjuကနေseoulကိုကျွန်တော်အထက်တန်းကျောင်းသားဘဝထဲကပြောင်းလာတာ2နှစ်ရှိပြီးကျွန်တော်ကအခုseoulအားကစားတက္တသိုလ်မှာရေကူးမေဂျာနဲ့ပထမနှစ်
(ရှိလားမရှိတော့မသိလျှောက်ရေးထားတာ•-•)
ဒီနေ့ကကျွန်တော်ပထမဆုံးကျောင်းစတက်မဲ့နေ့လေးပေါ့
ကျွန်တော်ကလူငယ်ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့လွတ်လပ်စွာပဲဖြတ်သန်းတယ် ပျော်ပျော်နေတတ်တဲ့ကောင်လေးပေါ့ဟီး>-<
ပြောပြနေရင်းပြင်ဆင်လို့တောင်ပြီးသွားပြီး

𝙂𝐮𝐢𝐝𝐢𝐧𝐠 𝐒𝐭𝐚𝐫 (လမ်းပြကြယ်){ZG+Uni} SOPEWhere stories live. Discover now