Eight

9.2K 782 44
                                    

Jungkook နဲ့ပြသနာဖြစ်ပြီးနောက်ရက်ရောက်တော့ ထုံးစံအတိုင်း Taehyung Studio ကိုသွားခဲ့သည်...Jungkook ကိုတော့မဆက်သွယ်ဖြစ်..ဒီအချိန်ဆက်သွယ်လည်း အဖက်လုပ်မှာမဟုတ်ဘူးဆိုတာသိနေလို့ပင်...၅နှစ်တာအတွေ့အကြုံအရ Jungkook ရဲ့အမူအကျင့်တွေပါအလွှတ်ရနေပြီဖြစ်သည်...

Studio ရောက်တော့လည်းပုံမှန်အတိုင်း လက်ခံထားတဲ့အလုပ်တွေကိုသာဆက်လုပ်နေလိုက်သည်...ညကငိုထားလို့မျက်လုံးတွေဖောင်းနေတာကြောင့် မျက်မှန်ဝိုင်းကိုတပ်ထားတဲ့ Taehyung ကတမျိုးလေးချစ်ဖို့ကောင်းနေပြန်သည်...

Taehyung က Model ကိုဓာတ်ပုံရိုက်​ပေး နေသည်...အလုပ်မှာအာရုံရနေတာကြောင့်ဘေးပတ်ဝန်းကျင်ကိုတော့မကြည့်မိ...Taehyung ရဲ့လှုပ်ရှားမှုတွေကို ပြုံးကာစူးစိုက်ကြည့်နေတဲ့လူတစ်ယောက်လည်းရှိနေသည်...

Taehyung အလုပ်လုပ်တာပြီးသွားတော့ သူ့ဘေးကိုရောက်လာတဲ့ထိုလူ...

"Taehyung shi.... "

Taehyung ဘေးကိုလှည့်ကြည့်လိုက်သည်...

"Bogum Hyung ..ဒီကိုဘာလာလုပ်တာလဲ အလုပ်လာအပ်တာလား "

"အွန်း...Hyung ဂျယ်ဂျူမှာမဂ္ဂဇင်းအတွက် Photo ရိုက်ချင်တာ Taehyung ဘက်ကအလုပ်လက်ခံထားတာမရှိရင် လိုက်ခဲ့ပေးလို့ရမလား "

Taehyung ကလက်ခံပေးရင်တောင် Jungkook ဘက်ကတော့ခွင့်ပြုမည်မထင်...မနေ့ကလေးတင် Bogum ကြောင့်သူ့ကိုစိတ်ဆိုးထားသည်မလား...Jungkook ကိုထပ်ပြီးစိတ်မဆိုးစေချင်...သို့ပေမယ့် Bogum ကိုလည်းအားနာနေသည်...

"အာ...ကျတော်စဥ်းစားလိုက်ဦးမယ် အလုပ်တွေကလက်ခံထားတာဆိုတော့လေ...ကျတော်ကောင်းတဲ့ဓာတ်ပုံဆရာတယောက်နဲ့ချိတ်ပေးရမလား Hyung "

"ကိုယ်က Taehyung ကိုယ်တိုင်ရိုက်ပေးစေချင်တာ...အားတဲ့အချိန် Hyung ကိုဆက်သွယ်လိုက်လေ "

"ဟ..ဟုတ်... Hyung "

Bogum ကိုအားနာတာကြောင့်လောလောဆည် လက်ခံထားလိုက်သည်...နောက်ရက်မှအကြောင်းတစ်ခုခုစဥ်းစားပြီးငြင်းလိုက်တော့မယ်လို့လည်းတွေးလိုက်သည်...

Bogum ပြန်သွားတော့ Taewoo ကအနားရောက်လာသည်...ထုံးစံအတိုင်းစပ်စုတော့မယ့်ပုံပင်...

Painful Love(Complete)Where stories live. Discover now