Fourteen

9.9K 792 100
                                    

ကမ်းခြေမှာလမ်းလျှောက်နေတဲ့ကောင်လေးနှစ်ယောက်...တစ်ယောက်လက်ကိုတစ်ယောက်တွဲထားပြီး လွှဲရမ်းကာလျှောက်နေကြသည်...

Jungkook ထိုကောင်လေးတွေကိုကြည့်နေရင်းသူလည်း Taehyung ကိုတွေ့ရင် ဒီလိုကမ်းခြေကိုခေါ်လာပြီးနှစ်ယောက်အတူလက်တွဲလျှောက်ရမယ်လို့ တွေးလိုက်သည်...

ရုတ်တရက်ထိုကောင်လေးနှစ်ယောက်ထဲက တစ်ယောက်က Jungkook ရှိရာဘက်ကိုခေါင်းလှည့်ကြည့်လာပြီး....

"Jungkook ka...ငါမင်းမရှိတဲ့နေရာမှာအရမ်းပျော်နေပြီ "

မျက်နှာသေနှင့်ပြောလာတဲ့ကောင်လေးက Taehyung ဖြစ်နေသည်...Jungkook ထိပ်လန့်မှုကြောင့်တစ်ကိုယ်လုံးတုန်ရင်လာကာ မျက်ရည်တွေစီးကျလာသည်...အောင့်တက်လာတဲ့ရင်ဘက်ကိုလက်တဖက်နဲ့ဆုတ်ကိုင်ရင်းဒူးထောက်ကျသွားပြီး...

"မဖြစ်ဘူး...မဖြစ်ဘူး...မဖြစ်ရဘူး...အားးးးးးးးးး"

ကြောက်လန့်တကြား အော်ဟစ်ကာနိုးလာတဲ့ Jungkook...တကိုယ်လုံးလည်းချွေးတွေရွှဲကာ မောဟိုက်နေသည်...

Jungkook ပါးပြင်မှာစီးကျနေတဲ့မျက်ရည်တွေကိုမသုတ်အားသေးဘဲ Jimin ဆီကို Ph ခေါ်လိုက်သည်...မိုးတောင်စင်စင်မလင်းသေးတဲ့အချိန်ဖြစ်နေတာကြောင့် Jimin ဘက်ကမကျေနပ်ဟန် အိပ်ချင်မူးတူးအသံကထွက်လာသည်...

"Ya...Jungkook ဘာလဲကွာ..."

"Jimin...Taehyung ကငါမရှိဘဲပျော်နေပြီတဲ့...ငါအရမ်းကြောက်နေပြီ...တကယ်ဖြစ်နေတဲ့အတိုင်းပဲ.. ပြီးတော့သူ့ဘေးမှာတစ်ခြားတစ်ယောက်ရှိနေတယ်...Jimin ငါကြောက်တယ်..."

အသံတွေ တုန်ရင်လျှက်ငိုသံတွေပါ ပါနေတဲ့Jungkookကြောင့် Jimin ရဲ့အိပ်ချင်စိတ်တောင်ဘယ်ရောက်သွားမှန်းမသိ...

"Jungkook...မင်းစိတ်အေးအေးထားစမ်းပါ Taehyung ကိုငါတို့ရှာတွေ့မှာပါ..သူမင်းကိုဘယ်လောက်ချစ်လဲငါသိတယ် မဟုတ်တာတွေမတွေးနဲ့ဟုတ်ပြီလား "

ချော့မော့ကာပြောလာတဲ့ Jimin ကြောင့် Jungkook နည်းနည်းတော့စိတ်တည်ငြိမ်သွားရသည်...ဒါကအိမ်မက်ပဲမလား ဆိုပြီးစိတ်ကိုပြန်လျော့လိုက်ရသည်...

"Jimin ၂လတောင်ရှိနေပြီ မင်းပြောတော့ငါအဆင်ပြေတာတွေ့ရင် Taehyung ထွက်လာမှာဆို...အခုထိသတင်းအစအနလေးတောင်မရသေးဘူး "

Painful Love(Complete)Where stories live. Discover now