Eleven

10.1K 865 172
                                    

"မင်းဘာတွေပြောနေတာလဲ "

Taehyung စိတ်တင်းကာ ပြန်မေးလိုက်သည်...အခုမှသူ့(th)ဆီရောက်လာပြီး သူ(jk)ကပဲလာဒေါသထွက်ပြနေတဲ့ Jungkook ကိုလည်းနားမလည်...

"Hk...အဆုံးထိကို မသိချင်ယောင်ဆောင်ဖို့စဥ်းစားထားတာပဲ "

လှောင်ရယ်ကာပြောလာတဲ့ Jungkook...

ရုတ်တရက် Jungkook ကထိုင်နေရာမှထလာတာကြောင့် Taehyung မသိစိတ်ကနေနောက်တစ်လှမ်းဆုတ်မိလိုက်သည်...

အနား​ရောက်လာတဲ့Jungkookက Taehyung ရဲ့ပုခုံးနှစ်ဖက်ကို တင်းကြပ်စွာဆုတ်ကိုင်လိုက်ပြီး...

"ငါမင်းကိုဘယ်လောက်တောင်စိတ်ပူခဲ့ရလဲ သိရဲ့လား..မင်းရဲ့Phကလည်းစက်ပိတ်ထားတယ်...တိုက်ခန်းနဲ့Studio မှာလည်းမင်းရှိမနေခဲ့ဘူး...မင်းကလူတိုင်းကိုစိတ်ပူအောင်လုပ်ထားပြီး Park Bogum ဆိုတဲ့ကောင်နဲ့ခရီးထွက်ပြီးပျော်ပါးနေလိုက်သေးတယ်...မင်းထပ်လိမ်ချင်သေးလားပြောစမ်း...ငါတစ်ယောက်တည်းရဲ့လုပ်ခံရတာအားမရလို့ နောက်တစ်ယောက်ဆီမှာသွားအလုပ်ခံတာလားဟမ် Kim Taehyung... မင်းငါလာမတွေ့တော့ တော်တော်ကိုဆာနေတာလား "

Jungkook ကဒေါသတကြီး ပုခုံးနှစ်ဖက်ကိုညစ်ထားပြီးပြောနေတာကြောင့် Taehyung နာလွန်းလို့မျက်ရည်တွေပင်ဝဲလာသည်...Jungkook ရဲ့စော်ကားတဲ့ စကားလုံးတွေကလည်းသူ့ကိုပိုနာကျင်စေသည်...

"မင်းမမိုက်ရိုင်းနဲ့ Jungkook... မင်းကသာမင်းသတို့သမီးလောင်း Mary Jungနဲ့ဂျယ်ဂျူမှာပျော်ပါးနေတာ ငါမသိဘူးများထင်နေလား ...ငါဘာလို့ဂျယ်ဂျူကိုရောက်လာတာလဲမင်းသိလား...ငါမင်းကိုယုံလို့..မင်းကိုယုံခဲ့လို့ကွ...မင်းကတော့ငါ့ကိုလိမ်တယ် ငါမင်းကိုမပြောခဲ့ဘူးလားမင်းတကယ်လက်ထပ်မယ့်သူကိုတွေ့ရင် ငါ့ကိုပြောဖို့...ငါထွက်သွားပေးမယ်...ငါလည်းမင်းဆီမှာနေရတာပင်ပန်းလာပြီ "

မျက်ရည်တွေစီးကျလျှက်ပြောနေတဲ့ Taehyungရဲ့ စကားတွေကြောင့် Jungkook နှလုံးသားကတင်းကြပ်လာသည်...Taehyung ကသူ့(jk)ဆီမှာနေရတာပင်ပန်းနေပြီတဲ့...အရင်ကသူ(jk)ဘယ်လောက်စိတ်ဆိုးဆိုး အမြဲချော့ပြီးတောင်းပန်တတ်တဲ့ Taehyung ကအခုတော့ သူ့ဆီကထွက်သွားဖို့ပြောနေသည်...

Painful Love(Complete)Where stories live. Discover now