Ten

9.2K 837 89
                                    

Jungkook ကိုနောက်တစ်ခါယုံမိတဲ့ကိုယ့်ကိုယ်ကိုယ်မှားလားမှန်လား Taehyung မသိ...Jungkook ဘက်ကနေသူလက်မထပ်ဘူးဆိုတဲ့စကားကိုယုံမိပြန်သည်...ဒီလိုအခြေအနေတွေနဲ့ Jungkook ကသူ့ဆီလာနိုင်ဦးမှာမဟုတ်...ဖိအားများနေတဲ့ Jungkook ကိုသူ့ဘက်ကထပ်ပြီးဖိအားမပေးချင်ဘူး...

Jungkookနဲ့ Taehyungအဆက်သွယ်ရပေမယ့် လူချင်းတော့အခုထိမတွေ့ရသေး...Jungkook ကအနုပညာအလုပ်တွေတော့ဆက်လုပ်နေမြဲပင်...သူ(th)လည်း Studio မှာပဲအချိန်ကုန်ဖြစ်သည်...သတင်းထောက်တွေကအစပိုင်းလာပေမယ့် သူ့ရဲ့ထပ်တလဲလဲအဖြေတွေကြောင့်​နောက်ပိုင်းမလာတော့ဘူး...

Bogum ကိုလည်းမလိုက်နိုင်တဲ့အကြောင်းပြောပြီး ​Taehyung ငြင်းလိုက်သည်...အားနာပေမယ့် Jungkook မကြိုက်ဘူးမလား...

Taehyung လုပ်စရာမရှိသေးတာနဲ့နားနေခန်းထဲမှာခနနားလိုက်သည်...

"Taehyung Hyung.... Phလာနေတယ် "

အပြင်ဘက်က Taewoo ကအော်ပြောတာကြောင့် Taehyung ထွက်လာခဲ့သည်...ခေါ်တဲ့လူကိုကြည့်လိုက်တော့ Bogum Hyung...သူကိုင်ရမလားမကိုင်ရဘူးလားဆိုပြီးချီတုန်ချီချဖြစ်နေမိသည်....

Bogum ကိုမလိုက်နိုင်တဲ့အကြောင်းငြင်းထားတာမကြာသေးတာကြောင့် အားနာနေသေးသည်...Ph ကကျသွားပြီးနောက်တစ်ခါထပ်ခေါ်လာတာကြောင့် Taehyung မနေသာတော့ဘဲ Phကိုင်လိုက်သည်..

"ဟုတ်...Bogum Hyung"

"Taehyung...ကိုယ်မေးစရာရှိတယ်အမှန်တိုင်းဖြေမှာလား "

"ဘာကိုလဲ Hyung "

Taehyung နားမလည်စွာပြန်မေးမိတော့ တဖက်ကသက်​ပြင်းချသံကိုကြားလိုက်ရသည်...ပြောသင့်မပြောသင့်စဥ်းစားနေပုံပင်...

"Taehyung......ကိုယ်မင်းနဲ့ Jungkook ရဲ့ဆက်ဆံရေးအမှန်ကိုသိချင်တယ် "

Bogum ကလည်း Taehyung တို့အကြောင်းကိုရိပ်မိနေပုံရသည်...Taehyung အားနာပေမယ့် သူများအကြောင်းစပ်စုတာတော့သဘောမကျ...

"အဲ့တာက Hyung နဲ့မဆိုင်ဘူးလို့ထင်တယ် "

"ကိုယ့်ဘက်ကဆိုင်ချင်တယ် Taehyung...ကိုယ်မင်းကိုစတွေ့တည်းကသဘောကျခဲ့တာ "

"Hyung... တခြားကိစ္စမရှိရင် ကျတော်Phချလိုက်တော့မယ် "

"Taehyung ကိုယ်မင်းကိုတကယ်သဘောကျတယ်...ပြီးတော့မင်းကJungkook လိုလူနဲ့မတန်ဘူး "

Painful Love(Complete)Where stories live. Discover now