Unicode
"ထီးမပါတဲ့မင်းကပိုဆိုးတယ်လေ ငါကအဆင်ပြေပါတယ်မင်းထက်စာရင်..ဟိတ်!!..သတိထားပါဦး ဒီမှာ!!"
_________
မိုးရွာကြီးထဲထီးမပါပဲပြေးလာခဲ့တဲ့ကောင်လေးဟာ မြင်ရကတည်းက မျက်နှာတွေဖျော့တော့နေခဲ့သည်ပင်။
အခုလိုဖြစ်မယ်မှန်းထင်ထားခဲ့မိလို့ ကျွန်တော့်ကိုဂရုစိုက်ပြီးမေးနေရမည့်အစား သူအဆင်မပြေသည်ကိုအရင် စိတ်ပူခဲ့မိသည်။
သည့်ကြောင့် ကျွန်တော် ရပါတယ်၊အဆင်ပြေပါတယ် ပဲဖြေခဲ့ခြင်းသာ။
——
တစ်ပေါက်ပေါက် ကျနေသေးသည့်
မိုးရေစက်သံကျဲကျဲများ နှင့်အတူ နံနက်ခင်းအစကိုချီသည့် နေအလင်းရောင်ဟာ ပေါ်ထွက်လာသည်။မျက်နှာပေါ်သို့ ကျရောက်လာပြီးမျက်စွန်ကို လာထိုးနေသည့် အလင်းစူးစူးကြောင့် နိုးလာမိသည်။
လှုပ်ရှားဖို့ကြိုးစားနေရင်း ခါးတစ်ဝိုက်နဲ့ကျောပြင်တစ်လျှောက်တို့က
ခဲတောင့်နေသည့်နာကျင်မှုကိုခံစားရပြန်သည်။"*ကျွတ်*"
"ငါဒီလိုကြီးအိပ်ပျော်သွားခဲ့တာလား?ခါးကအရမ်းနာနေတယ် "
အိပ်ယာပေါ်မှာနတ်သားလေးအလား အိပ်မောကျနေသေးသည့်ကောင်လေး~ထိုကောင်လေးရဲ့ညကအဖြစ်အပျက်ကြောင့် ကျွန်တော် ထိုင်ပြုစုပေးနေရင်း ယခုလိုအိပ်ပျော်သွားတာနေမည်။
ပြတင်းပေါက်ကနေတစ်ဆင့် ပျော့ပျော့လေးတိုးဝင်လာသောနံနက်ခင်းရဲ့လေပြေလေးတစ်ချို့ကြောင့် သူ့ဆံပင်လေးတွေဟာ နဖူးပေါ်ဝဲပျံတက်လှုပ်ရှားသွားသည်။
တဖွဲဖွဲဝဲနေတဲ့ဆံနွယ်အညိုလေးတွေဟာ နစ်မြောပုံအပ်မိလောက်အောင်ပင် လှလွန်းသည်။
အညိုရောင်ပင်နွယ်လေးတွေကပင်
ထိုကောင်လေး၏ မျက်ခွံလေးတွေကိုဖုံးပစ်တော့သည်။တဝေ့ဝေ့ တိုးလျှက်နေတဲ့ လေလေးတွေနဲ့အတူ ဆံနွယ်ပင်ညိုရင့်ရင့်လေးတွေကို ဖယ်သပ်ရန် လက်ကိုဆန့်ထုတ်မိလိုက်သည်။
YOU ARE READING
Parallel Line Between Us(Completed)
Fanfiction•အချိန်တစ်ခုဟာ ဘယ်အရာကိုမှမစောင့်ဆိုင်း •သူတို့၏ကံကြမ္မာအဆုံးသတ်ဟာလှပလွန်းသည် (A Short Story)