Unicode
ခြေထောက်ကိုစုပြီး လက်ကိုအနောက်ပစ်၍အကြောလေးဆန့်ထုတ်ကာ ဟားသန်းချီရင်းနိုးလာခဲ့သည်။
"11နာရီပဲ"
ထုံးစံအတိုင်းညခင်း7နာရီ8နာရီကြားဆိုအိပ်နေကြဖြစ်လို့သန်းခေါင်11နာရီ12နာရီကြားဆိုပြန်နိုးလာကြပါပဲ။
အသက်၁၅နှစ်လောက်ကတည်းက ညဘက်ဆိုသတ်မှတ်ထားတဲ့အချိန်အတိုင်းမအိပ်ဖြစ်တာကအခုအသက်၁၉နှစ်လောက်ထိဓလေ့တစ်ခုလိုဖြစ်နေခဲ့သည်။
နည်းနည်းတော့ထူးဆန်းဖို့ကောင်းတယ်မလားဒါက။အိပ်ယာပေါ်ကနေလှဲနေလျက်ကထထိုင်ပြီး ဟိုကြည့်ဒီကြည့်ကြည့်နေမိတော့ အခုချိန်ထိစာလုပ်နေတဲ့ ဂျယ်ဟျွန်းကိုတွေ့ရတော့သည်။
အခုထိ ဂျယ်ဟျွန်းနဲ့တူတူရှိနေတာဆိုတဲ့ အချက်ကိုမေ့မေ့နေတုန်းပဲ။
သတိပေါ့လွန်းပြီး ဟားသန်းအကြောဆန့်လုပ်နေမိခဲ့တာ ရှက်လိုက်တာလွန်ရောပါပဲ။"အော်Jungwoo!"
ဘယ်ဘက်ထောင့်ကသူ့ကုတင်လေးဘေးကခုံပေါ်မှာစာလုပ်နေရင်းစာကိုအကြည့်မလွှဲပဲ ကျွန်တော့်ကိုခေါ်လိုက်တော့ လန့်သွားမိတာ။"အမ်?အမ်?"
"ငါ ဗိုက်ဆာတယ်"
"ငါလည်းအခုပဲထစားမလို့"
"ဘာရှိလဲ?"
"ခေါက်ဆွဲ စားချင်နေလို့ ထပြုတ်မလို့"
"ထမင်းလည်းရှိတယ်လေ မနက်ကစားဖိုးဆောင်ကပေးထားတဲ့ဟာ""ဒီချိန်ကြီးထမင်းတော့အဆင်မပြေဘူး။ခေါက်ဆွဲပဲ စားချင်တယ် "
"စားလေ ငါပြုတ်ခဲ့ပေးရမလား"
"ရတယ်ရတယ် နေပါစေ မပြုတ်ပေးပါနဲ့ မင်းခေါက်ဆွဲတောင်ကပ်စားရမှာကို၊
အဲ့အစား ငါပြုတ်ပေးမယ်လေ မင်းဟာစားတဲ့အဖိုးအခအနေနဲ့""အိုခေ"
သူများပြုတ်ပေးတဲ့ခေါက်ဆွဲပြုတ်က ကမ္ဘာပေါ်မှာအရသာရှိဆုံးနဲ့ပြုတ်ပေးတာကိုအသင့်စားရတာကြောင့်အပျော်ရဆုံးပဲမလား ဘယ်ငြင်းနိုင်ပါ့မလဲ။TVရှေ့ကSofaပေါ်မှာအလျားလိုက်လေးလှဲကာ TVကြည့်ရင်းအေးအေးဆေးဆေးထိုင်စောင့်နေရပြီး ကျက်ခါနီးခေါက်ဆွဲပြုတ်အနံ့လေးကိုရှုနေရတာက နတ်ဘုံရောက်နေသလို။
STAI LEGGENDO
Parallel Line Between Us(Completed)
Fanfiction•အချိန်တစ်ခုဟာ ဘယ်အရာကိုမှမစောင့်ဆိုင်း •သူတို့၏ကံကြမ္မာအဆုံးသတ်ဟာလှပလွန်းသည် (A Short Story)