နေ့လည်အတန်းတက်နေစဥ်ချွဲဘတ်ဂျွန်းတစ်ယောက် အနားလာပြီးတစ်ကျပ်ကျပ်နှင့်နားပူနားဆာလုပ်နေတော့သည်။
စာတောင်လိုက်မမှတ်ရဘူး ခဏလောက်စကားများတာရပ်ပေးရင်ကောင်းလိုက်မည့်ဖြစ်ခြင်း။"Jungwoo အတန်းပြီးရင်ညနေကျရုပ်ရှင်သွားကြည့်မယ် ငါလက်မှတ်ဝယ်ပြီးသွားပြီ "
"Jun မင်းကအမြဲမပြောမဆိုနဲ့ မသွားချင်ဘူး"
"မဟုတ်ဘူး ငါအဲ့Horrorကားကြည့်ချင်နေတာ ဟိုတစ်ခါtrailerစထွက်တုန်းက မင်းကိုပြသေးတယ်လေ မင်းပဲသွားကြည့်မယ်အရင်ပြောခဲ့တာနော်"
"ဘာလို့Yoonaနဲ့သွားမကြည့်တာလဲ သူ့ပဲခေါ်သွားပါလား"
"Yoonaကhorrorတွေမကြည့်နိုင်ဘူး"
__
ချွဲဘတ်ဂျွန်း၏စေရာအတိုင်း နောက်ဆုံးတော့ရုပ်ရှင်ရုံရောက်လာကြလေပြီ။
"ဟယ်လို Jaehyun
အင်း ငါတို့အဝင်ဝမှာစောင့်နေတယ်
အင်း အဲ့ဒါဆိုဒါပဲ ဖုန်းချပြီနော်""ဘယ်လို...Jaehyunကဘယ်လိုဖြစ်ပြီး"
"ခုနကငါသူ့ကိုတွေ့လို့ခေါ်လိုက်တာ "
"လက်မှတ်က၂စောင်ထဲမဟုတ်ဘူးလား"
"ဝယ်လို့ရလောက်မှာပါ"
"ဟိုမှာ ရောက်ပြီ Jaehyun"Taxiပေါ်ကဆင်းလာလာချင်းမြေညီထပ်အဝင်ဝမှာရပ်နေသည့် ကျွန်တော်တို့ကိုလှမ်းပြုံးပြသည်။
လွယ်အိတ်ကိုပခုံးပေါ်တစ်ဖက်ပဲလွယ်ထားကာ သူ၏အရှိတိုင်းဖြစ်သော ဆံနွယ်ညိုညိုတို့ကိုလက်ဖြင့်နဖူးပေါ်မှအပေါ်ကိုသပ်လိုက်ရင်း ကျွန်တော့်မျက်စိရှေ့နားကိုရောက်လာတော့သည်။
"Jaehyunလည်းရောက်ပြီ
ဒါဆို လက်မှတ်ဝယ်ရမှာပေါ့"Baekjunကဒီနေ့ရဲ့ဦးဆောင်သူဖြစ်သည်ကြောင့် Jaehyunရဲ့လက်မှတ်ကိုသူပဲသွားဝယ်ပေးသည်။ထို့ကြောင့် အရှေ့နားလေးမှာကျွန်တော်တို့နှစ်ယောက်ပဲကျန်ခဲ့တော့သည်။
"ငါတို့ကမုန့်သွားဝယ်ကြမလား"
နေထိုင်ရခက်နေတာကြောင့်Baekjunသွားကတည်းက သူနဲ့ဘာစကားမှမပြောပေမဲ့ သူ့ဘက်ကအရင်ဆုံးစကားဆိုလာတော့သည်။
ESTÁS LEYENDO
Parallel Line Between Us(Completed)
Fanfic•အချိန်တစ်ခုဟာ ဘယ်အရာကိုမှမစောင့်ဆိုင်း •သူတို့၏ကံကြမ္မာအဆုံးသတ်ဟာလှပလွန်းသည် (A Short Story)