သည်းထိပ်ရင်ဖိုအထက်တန်းကျောင်း (၆)

5.1K 899 73
                                    

Unicode

အစားစားနေချိန် မဖတ်ပါနဲ့ 😁

“Motherf*cker, ဒါက ဘယ်လောက်ကြာမှာလဲ? တစ်မနက်လုံးတောင် ရှိနေပြီ! အတန်းပြီးသွားတာတောင် အားလပ်ချိန် မပေးသေးဘူး၊ နောက်ပြီး သန့်စင်ခန်းသွားဖို့တောင် ခွင့်တောင်းရသေးတယ်! မွန်းလွဲပိုင်းတောင် ရှိနေပြီ! သူတို့က ငါတို့ကို နေ့လည်ချိန်မှာ ဆာဗိုက်ဆာ‌ေသစေချင်တာလား?”

“မှန်တယ်၊ မှန်တယ်၊ ဒါက ကိုယ့်ဘာသာ သတ်သေရုံပဲ မဟုတ်ဘူးလား? ဒါက လူသတ်မှုလည်း မဟုတ်ဘူး! ဘာကြောင့် သူတို့က ဒီလိုမျိုး ရေးကြီးခွင်ကျယ် လုပ်နေရတာလဲ?”

ကျောင်းသားတွေက တီးတိုးပြောနေကြပြီး အချိန်တိုင်း သူတို့အသံက ပိုပိုကျယ်လာခဲ့သည်။

“တိတ်စမ်း! မင်းတို့အားလုံး တိတ်တိတ်နေ!” ကျောင်းသားတွေရဲ့ ခံစားချက်က ပိုတိုးမြင့်လာတာကြောင့် ဆရာတွေက အကူအညီမဲ့စွာပင် ထွက်သွားရသည်။ သူတို့အတွက် တင်းမာမှုက ကျောင်းသားတွေကို ငြိမ်သွား‌ေစပေမဲ့ မတိုးသာမဆုတ်သာ အခြေအနေတွင် နစ်မြုတ်နေသည်။

လွေ့ချွန်းမင် ကစင်အောက်မှ ကျောင်းသားတွေကို ကြည့်လိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။ “ဒီသုံးရက်အတွင်း မင်းတို့အတန်းရဲ့ အသက်နှစ်သက်က ဆုံးရှုံးသွားခဲ့ပြီ! မင်းတို့ပေါ်မှာ ဘယ်လို သက်ရောက်စေလဲဆိုတာ သိကြရဲ့လား?!”

အတန်းပိုင်ဆရာ အနေဖြင့် အပြစ်ပေးနိုင်သည်။ ကျောင်းတာဝန်ရှိသူတွေက ထိုအခြေအနေအား ရှင်းလင်းခဲ့သည်။ ဆရာကောင်းဖြစ်ဖို့ အကြံကို ချထားတာတောင် ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာကို အာရုံစိုက်ပေးဖို့ လိုအပ်သေးသည်။

အရင်ဆုံး ရှုရှန်း၊ နောက်တော့ ပိုင်ချောင်ချောင်။ ရှုရှန်း ရဲ့သတင်းအား ကျောင်းတာဝန်ရှိသူတွေက ဖုံးကွယ်ထားပြီး မပြန့်နှံ့ပဲ လူထုတွင် မလွှမ်းမိုးစေရန် လုပ်ရတာက မလွယ်ကူပေ။ ကံမကောင်းစွာပင် ပိုင်ချောင်ချောင် ရဲ့ကိစ္စက ပေါ်လာခဲ့သည်။ ဒါထက် ကျောင်းဝန်းအတွင်း ဖြစ်ပျက်ခဲ့ပြီး ကျောင်းသား အများအပြားလည်း မြင်ခဲ့သည်။ ထိုနေရာတွင် ကြောက်လန့်ပြီး ရပ်နေကြသည့် ကျောင်းသားတချို့တောင် ရှိခဲ့သည်။ ကျောင်းကနေ ဒီအခြေအနေကို တားဆီးထားတာတောင် သူတို့ မလုပ်နိုင်ပေ။ ဒါတွင်မကပဲ အဆက်လိုက် နှစ်ယောက်သေဆုံးမှုက ရဲတွေရဲ့ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now