လူသားစားမြို့(၆)

1.9K 403 7
                                    

Unicode

“ကောင်လေးမာ၊ ဦးလေးကို အပြစ်မတင်ပါနဲ့။ ဦးလေးရဲ့ဇနီးက ကိုယ်ဝန်ရှိနေတယ်၊ နောက်ပြီး အဲ့ကလေးက ဦးလေးရဲ့ တစ်ဦးတည်းသော ကလေးပဲ! ဦးလေးတို့ ဘာမှမစားရင် ဦးလေးကလေးက ဆာလောင်ပြီး သေသွားလိမ့်မယ်!” ထိုလူရဲ့ပါးတွေက ချိုင့်ဝင်နေပြီး သူ့မျက်လုံးတွေက အောက်ဘက်တွင် လုံးဝကို မဲနက်နေပြီး သူ့ခြေလက်တွေက ပိုပြီးတော့တောင် သေးနေသည်။ သူ့လက်ထဲတွင် သစ်သားတွေဖြတ်သည့် ပုစိန်ကို ကိုင်ထားပြီး မာချန်းဂုံ အားမနှစ်မြို့စရာ လောဘကြီးမှုဖြင့် စိုက်ကြည့်နေခဲ့သည်။

ကောင်လေးက ကြောက်လန့်မှုတွေနဲ့အတူ တုန်ရီနေသည့် ခန္ဓာကိုယ်ဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။ သူ့လက်နှစ်ဖက်လုံးကို ဆက်ပြီးဆုပ်ထားခဲ့သည်။ “သား တောင်းဆိုပါတယ်၊ ဦးလေး! သားမှာ စောင့်ရှောက်ဖို့ ညီလေးလည်း ရှိသေးတယ်။ သားအဖေ ဘယ်လိုသေသွားလဲဆိုတာ ဦးလေး မေ့သွားပြီလား? အဖေက ဦးလေးရဲ့ ချွေးမကိုကယ်ဖို့ စွန့်လွှတ်ခဲ့တာလေ! သား တောင်းဆိုပါတယ်! ဦးလေး လုပ်ပြီးတာတွေကို ပြန်နှုတ်လို့မရဘူး!”

ထိုစကားတွေကြောင့် ထိုလူရဲ့အစက လောဘကြီးသည့် မျက်လုံးတွေက အရောင်ပြောင်းသွားသည်။ တွန့်ဆုတ်ခြင်းတွေ ရှိနေပြီး ပုစိန်ကိုင်ထားသည့် လက်တွေတောင် ပြေလျော့သွားခဲ့သည်။

ကောင်လေးက စိတ်သက်သာရာ မရနိုင်ခင် ထိုလူရဲ့စိတ်ထဲ တစ်ခုခုက ရောက်လာခဲ့ပြီး သူ့မျက်လုံးက ပိုပြီးတော့တောင် ကြမ်းတမ်းသွားခဲ့သည်။ “မင်း တစ်မိသားစုလုံးအတွက် ငါတောင်းပန်ပါတယ်။ နောက်ဘဝမှာ မင်းတို့ဆီမှာ နွားဖြစ်ဖြစ်၊ ခွေးဖြစ်ဖြစ် ပြန်ပေးဆပ်မှာပါ! အခုတော့ ငါ့ရည်ရွယ်ချက်ကို လက်မလွှတ်နိုင်ဘူး!”

ကောင်လေးက သတိလစ်မလို ဖြစ်သွားခဲ့သည်။ သူ့ကြောက်လန့်နေသည့် မျက်လုံးတွေက အကြံတစ်ခုရသွားရင်း လှုပ်ရှားသွားခဲ့သည်။ ချက်ချင်းပင် သူက အကြိမ်အနည်းငယ် ခေါင်းညိတ်လိုက်ကာ အလျင်စလို ပြောလိုက်သည်။ “သား.. သားမှာ တခြားနည်းလမ်းရှိတယ်၊ သားအပြင် တခြားလူရှိတယ်! သားအစား ဘာကြောင့် အဲ့ကိုမသွားတာလဲ? ဥပမာ - ရွာအစွန်မှာ နေနေတဲ့ သူတောင်းစားလေး ရှောင်ချန်း! သူက တစ်ယောက်တည်းပဲ!”

လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙Where stories live. Discover now