Unicode
“…”
“…”
သူတို့နှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက် မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့ကြသည်။ ရှောင်ချန်း ရဲ့နှုတ်ခမ်းက ကွေးသွားပြီး မျက်ရည်တွေက သူ့မျက်လုံးထဲတွင် ထပ်ပြည့်လာခဲ့သည်။ သူက ငိုတော့မလို ဖြစ်နေခဲ့သည်။
ထိုလူက သူ့ရှုံ့မဲ့သွားသည့် မျက်နှာထားအား ကြည့်နေခဲ့သည်။ တချို့အကြောင်းကြောင့် သူ့နှလုံးသားက ထူးဆန်းစွာပင် ကျေနပ်မှုကို ခံစားနေရသည်။ သူကိုယ်တိုင်တောင် နားမလည်လိုက်ပဲ အလိုလိုက်သည့်အသံဖြင့် ကလေးရဲ့ဆံပင်ကို ပွတ်သပ်လိုက်ပြီး နူးညံ့သည့်လေသံဖြင့် ပြောလိုက်သည်။ “အိုကေ၊ အိုကေ၊ ကလေးဘာသာပဲလုပ်လိုက်”
သို့သော် နောက်စက္ကန့်တွင် ထိုလူရဲ့အကြည့်က သတိလက်လွတ်ဖြင့် ရှောင်ချန်း ရဲ့ဗလာဖြစ်နေသည့် ခြေထောက်ဆီ ရောက်သွားခဲ့သည်။
ခြေဗလာအစုံက အမှောင်ထဲတွင် အရမ်းဖြူနေကာ တောက်ပနေပုံပေါ်နေသည်။ ဒါက အရမ်းကို မျက်စိပဒါဿဖြစ်နေပြီး သူ့ခြေထောက်တွေက အရမ်းကိုလှနေသည်။ ထိုခြေထောက်က အရမ်းဖြူနေတာကြောင့် သွေးကြောတွေကိုတောင် မြင်နေရပြီး သေးပြီးပန်းရောင်သန်းသည့် ခြေချောင်းလေးတွေက အနုပညာအလှအပလိုမျိုး အရမ်းကိုလှပနေသည်။
ထိုလူရဲ့စိုက်ကြည့်မှုကြောင့် ရှောင်ချန်း ကသူ့ခြေထောက်ကို ရှောင်ကာရွှေ့လိုက်သည်။
ထိုလူရဲ့မျက်လုံးက မယုံနိုင်လောက်အောင် ပြိုင်ဘက်ကင်းလှသည့် အလှအပကြောင့် ပိုပြီးတော့တောင် အန္တရာယ်များလာခဲ့သည်။
ရှောင်ချန်း ကနည်းနည်းစိတ်ဓာတ်ကျသွားခဲ့သည်။
သူ သန့်စင်ခန်းကိုတောင် မသွားရသေးဘူး။
ရှောင်ချန်း အရမ်းကို ရုန်းကန်နေရသလို ခံစားနေရသည်။
နောက်စက္ကန့်တွင် ထိုလူက တစ်နေရာရာကနေ ဖိနပ်တစ်စုံကို ဆွဲထုတ်လိုက်ပြီး သူ့လက်ထဲ တိုက်ရိုက် ကိုင်ထားခဲ့သည်။
သူက ရှောင်ချန်း ကိုကြည့်လိုက်ပြီး ထိုင်ချလိုက်ကာ ရှောင်ချန်း ရဲ့ရှုပ်ထွေးနေသည့် အမူအရာကို လျစ်လျူရှုထားခဲ့သည်။ သူက တိုက်ရိုက်ပင် တစ်ဖက်လူရဲ့ ဘယ်ခြေထောက်ကို ဆွဲလိုက်ပြီး သူ့လက်နဲ့ ကိုင်လိုက်သည်။ ရှောင်ချန်း ကထိတ်လန့်သွားခဲ့သည်။ ဟန်ချက်ညီမှု ပျောက်ဆုံးသွားတာကို ခံစားလိုက်ရပြီး အရမ်းကြောက်သွားတာကြောင့် တစ်ဖက်လူရဲ့ပုခုံးအား လက်နှစ်ဖက်လုံးနဲ့ ဆွဲလိုက်သည်။ ဒါက ယားတယ်။
YOU ARE READING
လျှို့ဝှက်ဆန်းပြားလောက〘Uni+Zaw〙
Horror[တစ်ကမ္ဘာလုံးက မင်းကို အနိုင်ကျင့်ကြတယ်၊ မုန်းတီးကြတယ်၊ နောက်ပြီး မင်းကို ခွဲခြားဆက်ဆံကြတယ်၊ ဒါပေမဲ့ မင်းရဲ့ကမ္ဘာကြီးက သူ့ကြောင့်ပဲ တောက်ပလာခဲ့တယ်။ ငါ ဒီကမ္ဘာကြီးကို မုန်းတီးတယ်! ဒါပေမဲ့ ငါ မင်းကို ချစ်တယ်!] ရှောင်ချန်း ကသာမာန်လူ တစ်ယောက်ဖြစ်ပေမဲ့ သ...