Part-1

454 24 0
                                    

သာယာနေသောကောင်းကင်ယံမှ ရုတ်ချည်းဆိုသလို တိမ်စိုင်များနေရာယူပြီးသကာလမှာ မိုးစက်မိုးပေါက်များ ကမ္ဘာမြေပြင်သို့ ခြေချနေရာယူလာပါတော့သည်။

ကမ္ဘာကြီးမှာ စိမ်းလန်းစိုပြည်လာတော့မည်ဖြစ်သဖြင့် ပတ်ဝန်းကျင်တစ်ခွင်မှာ ပျော်ရွှင်သွားသော်လည်း..

နှုတ်ခမ်းပါးလေးတစ်စုံဟာ တွန့်ချိုးကာမဲ့သွားသည်။မကျေမနပ်ဖြင့် ကောင်းကင်ယံကိုကြည့်ကာ

"ဟေ့ ဒ်ီလိုကြေးလား..ကျစ်..အချိန်ပိုင်းအလုပ်  အသစ်လေးရထားတာ ဒီပုံအတိုင်းဆို ကြွက်စုတ်ဖြစ်ပြီး အလုပ်မလုပ်ခင် ပြုတ်တော့မှာပဲကွာ"

တစ်..နှစ်..သုံး..ဟုစိတ်ထဲတွင်အော်လိုက်ပြီး တက္ကသိုလ်ကသင်လိုက်တဲ့ သီအိုရီများကိုနှုတ်မှ တတွတ်တွတ်ရွတ်ကာ ပြေးသည်။လွယ်အိတ်ကို အမိုးအကာလုပ်မဆောင်း ရင်ခွင်၌သာပိုက်ကာပြေးသည်။ထိုကောင်လေးသည် စာကိုအလွန်ချစ်၊အလွန်ရိုသေသော တက္ကသိုလ်  ကျောင်းသားလေး Kim Taehyung ပေတည်း။

               *              *            *

"ဒါဘယ်လိုဖြစ်နေတာလဲ"

အလုပ်လာလုပ်ရာ မိုးရေစိုနေတဲ့ Taeဆီကို ဤဆိုင်မှ မန်​နေဂျာက ပထမဆုံးရက် အလုပ်​နောက်ကျလို့ ဘာညာနှင့်​ပြောသဖြင့် စိတ်အိုက်နေသည့်ကြားမှ အနောက်ဘက်ဆီမှ ခပ်သြသြအသံကြား၍ တစ်ကိုယ်လုံးအေးစက်သွားရသည်။

ဘေးမှ "သူဌေး "ဟူသောအသံတစ်စွန်းတစ်စ ကြားမှ ထိုစားသောက်ဆိုင်ပိုင်ရှင်ဖြစ်မည်ဟု tae မှတ်ချက်ချမိသည်။သူ့ကိုရပ်ကြည့်​နေ​​သောအလုပ်သမားများ၏ရုပ်ကို ဝေ့ဝဲကြည့်တော့ အကုန်လုံးကြောက်နေကြဟန်..

"ကိုယ့်အလုပ်က်ိုယ်လုပ်ကြလေ ...တကယ်ပါပဲ တစ်လမှာ တစ်ခါလေးလာတာကို ဝင်လာထဲက ဒီလိုပုံစံနဲ့  နှုတ်ဆက်လိုက်တယ်ပေါ့လေ..အလုပ်ထွက်ချင်နေကြပြီလား"

ထိုအချိန်မှာ မိုးရွာနေသဖြင့်ဆိုင်တွင် လူမရှိပေ။ညနေမှဖွင့်သောကြောင့်လားတော့ မပြောတတ်။နောက်ဆုံးဆိုင်အလယ်မှာ taeနဲ့ဆိုင်ရှင်နှင့်သာ ကျန်ရစ်လေသည်။ 

Tae လှည့်ကြည့်တော့ တောက်ပတဲ့မျက်ဝန်း စူးရှသည့် အကြည့်နေ စုံလေရာ ရင်ဘတ်ထဲတွင်အမျိုးအမည် မသိသော လှုပ်ရှားမှုလေး တစ်ခုဖြစ်ပေါ်လာသည်။

My Safe PlaceWhere stories live. Discover now