ကျွန်တော်ဟာ အမှောင်ခန်းထဲမှာ အကြာကြီးပိတ်မိနေတဲ့ လူတစ်ယောက်ဆို ဦးဟာကျွန်တော်ဘဝထဲကို ဝင်လာတဲ့ မှိန်ဖျဖျ အလင်းရောင်လေးပေါ့။
________________YOU_____________
"ကလေး..."
ကျောင်းအပြန်ဂိတ်ဝမှာမိုးခိုရင်း ကြားလိုက်ရတဲ့ ရင်းနှီးနေတဲ့အသံတစ်ခု..။ မိုးတွေသည်းနေတဲ့ကြားက ထိုအသံပိုင်ရှင်ရဲ့ကိုတော့ ကောင်းကောင်းမှတ်မိပါရဲ့။ တစ်ဆက်တည်းမှာ ကဆုန်ပေါက်လာတဲ့ရင်ဘက်ထဲက အကောင်။ နှလုံးခုန်မြန်ရခြင်း၏ အကြောင်းတရားကို မသိစိတ်ကသိသော်ညားလည်း သိစိတ်ကလက်မခံနိုင်။ ထို့ကြောင့် ထိုအဖြစ်အပျက်ကို အိပ်ရေးပျက်လို့ဆိုသည့် ခေါင်းစဥ်အောက်ကို အတင်းထိုးသွင်းလိုက်သည်။
ထိုးသွင်းလိုက်သော်ညားလည်း တစ်ဖက်ကဦးကရော သူ့အပေါ်ဘယ်လိုခံစားရလဲ သိချင်ပါရဲ့။
"ဦး...ဘယ်လိုဖြစ်ပြီး..."
"အာ...ဒီတိုင်းဒီဘက်ရောက်တာနဲ့ ဆိုင်သွားမှာမလား...လာအတူတူသွားမယ်..."
အပြောအဆုံး ပုခုံးမှဆွဲကာရင်ဘက်ထဲအသွင်းခံလိုက်ရသည်။ ဦးနှင့်သူက အသက်တော့ကွာပေမဲ့အရပ်တော့မကွာ စင်တင်မီတာပိုင်းလောက်သာကွာတော့ သူလှည့်ကြည့်တော့ သူတို့၏မျက်နှာများမှာ အလွန်နီးကပ်နေခဲ့သည်။
"အေးနေလား.."
ရှိုးတို့ရှန်းတန်းနဲ့ ကားထဲဝင်ပြီး ပထမဆုံး ဦးဆီမှကြားရသောစကား..။
"ရပါတယ်ဦး... ပြီးတော့ကျေးဇူးပါ..."
"နေ့တိုင်းဒီလိုပဲလား ...မိုးတွင်းကြီးကို... ဒီလိုနဲ့အအေးမိတော့မှာပဲကွာ... နောက်ဆို ဦးနေ့တိုင်းလာကြိုမယ်ကြားလား..."
"ဟာ...ဦး...မဟုတ်တာ.. အားနာစရာတွေဖြစ်ကုန်ပါပြီ..."
"အားနာတယ်ဆိုတာ တစိမ်းတွေ ကိုယ်နဲ့မရင်းနှီးတဲ့လူတွေ ကြီးကြီးမားမားကူညီမှပြောရတာလေ... ဟင်...ဦးနဲ့ ကလေးနဲ့က တစိမ်းတွေလား..."
ထိုအခုမှ ခေါင်းခါပြသည်။ တစ်ဆက်တည်းမှာပင် ဦးသူ့ကို ကလေးဟူသော နာမ်စားလေးသုံးတာ ကြိတ်သဘောကျမိသည်။
YOU ARE READING
My Safe Place