ဦးဟာကျွန်တော့်ရဲ့ စိတ်ထဲမှာနေရာယူလာသည့်အပြင် ကျွန်တော့်ရဲ့ဘဝထဲမှာပါနေရာယူလာသည်။ ဦးဟာ ကျွန်တော့်ဘဝရဲ့ တစိတ်တပိုင်းတစ်ခုလိုပင်ဖြစ်နေသည်။ ဒါ့အပြင် ဦးနေရာယူသည့်တစ်နေရာရှိသေးသည်။ ဤသည်ကား ကျွန်တော့်နှလုံးသားဝယ် ဖြစ်၏။
________My safe place_______
ဦးနှင့်ကျွန်တော် အတူနေတာ ယခုဆို ၃လကြာပြီဖြစ်သည်။
"ဦးထတော့..."
ဦး၏အခန်းထဲတွင်သွားနှိုးတော့ ဦးကမျက်လုံးဖွင့်ကာ ကျွန်တော့်အား သူ့ရင်ခွင်ထဲသို့ဆွဲချသည်။ထို့နောက် ကျွန်တော်ဆံပင်တွေအနှံ့နမ်းရှိုက်ကာ တင်းကျပ်စွာထွေးပွေ့တော့ သူ့ရင်အစုံဟာ မနက်တိုင်း ခုန်ပေါက်လှုပ်ရှားရသည်။
-မိုးလင်းတာနှင့်ကျွန်တော့်ကို ထွေးပွေ့နမ်းရှိုက်မယ့်သူရှိလာခဲ့သည်။
"ဦး...ကောင်းလားဟင်.."
အစားအသောက်လာပြင်ဆင်ပေးသော အဒေါ်ကြီးရှိပေမဲ့ မနက်စာကိုတော့ အတင်းဝိုင်းကူကာ ဦးအတွက် ပြင်ဆင်ပေးလေ့ရှိသည်။
"ငါ့ကလေးလေးလက်ရာတိုးတက်လာပြီပဲ။ နောက်ဆိုအဒေါ်ကြီးတောင်မလိုတော့ဘူးပေါ့ဟုတ်လား..."
ဦးကပြုံးရင်း ကျွန်တော့်ဆံနွယ်လေးတွေကိုဖွတော့ရင်ထပ်ခုန်ရပြန်သည်။ ကျွန်တော်အားပါးတရပြန်လည်ပြုံးရင်း မနက်စာကို ပျော်ပျော်ကြီးစားရသည်။ ကျွန်တော့်ဘဝမှာ ထမင်းဝိုင်းမှာစားရတယ်ဆိုသည့် မှတ်ဥာဏ်ပင်မရှိခဲ့ဖူးပါ။ ကျောင်းcanteen တို့ လမ်းဘေးဆိုင်မှာတို့ပင် ကြုံသလိုစားခဲ့ရသည်။
- ပျော်ပျော်ရွှင်ရွှင် ထမင်းလက်စုံစားမည့်သူ ရှိလာခဲ့သည်။ မညည်းမညူ သူ့အကြောင်းပြုံးပြုံးကြီးနားထောင်သည့်သူနှင့်တွေ့ဖူးခဲ့သည်။
"ငါ့ကလေးလေးနဲ့ခွဲရတော့မယ်ကွာ... လွမ်းနေတော့မှာပဲ..."
ကျောင်းသွားခါနီးတိုင်း ဦးကကျွန်တော့်ကို အတင်းအကျပ်ထွေးပွေ့ကာ အကြာကြီးခွဲရတော့မယ့်လူလိုပြောလေ့ရှိသည်။
YOU ARE READING
My Safe Place