အလေးပေးမှုဆိုတဲ့ခံစားမှုတောင် မရဖူးသူဖြစ်တာမလို့ ခင်ဗျားရဲ့ဂရုစိုက်မှုတွေကို ကြောက်ရွံ့မိတယ်။ ဘာက်ိုကြောက်တာလဲဆို ငြိတွယ်သွားမှာကို။ တွယ်ငြိရာသာ ဆုံးရှုံးရာဆိုတာရှိတယ်မလား။ အရှုံးဆိုတာကို ကြောက်တာမို့ သံယောဇဥ်တွေနဲ့ဝေးရာကို ရှောင်နေသူပါ။
____________YOU____________
"လိုက်ပို့ပေးလို့ကျေးဇူးပါ သူဌေး.."
"အပြင်မှာဆို ဒီတိုင်းပေါ့ပေါ့ပါးပါးပဲခေါ်ပါ.... မင်းအသက်ဘယ်လောက်လဲ..."
"၂၀ ပါဗျ..."
ကိုယ်ကသူ့ကို လွန်ခဲ့တဲ့၁၀နှစ်လောက်ကတွေ့ခဲ့တော့ သူက ၁၀နှစ်သားလေးကို.. အဲ့ဒါကြောင့် ကို့ကို မမှတ်မိတာပဲ..
"အင်း..ငါက မပြောချင်ပေမဲ့.. အသက် ၃၀...ဒါဆို.. ဦး...ဦးလို့ခေါ်.."
ထိုအခါ Taehyungမျက်လုံးများမှာဝိုင်းစက်သွားသည်။ ထိုသို့အံ့သြနေမှုကို ကြိတ်သဘောကျနေမိသူကတော့ Jeon Jungkook ပင်
"အာ...ဟုတ်... ဦး..."
နှုတ်ခမ်းလေးဆူကာ ထွက်လာသည့် နာမ်စားလေးကြောင့် Jungkook နှလုံးသားထဲမှ မော်လီကျူးလေးများဟာ မြူးကြွခုန်ပေါက်နေသယောင် ပျော်မြူးနေကြသည်။ ရင်ထဲမှာပန်းတွေပွင့်နေတယ်ဆိုတာဒါမျိုး။ မျက်နှာထားလည်း ဟန်မဆောင်နိုင်စွာ သွား ၃၂ချောင်းလုံးပေါ်အောင် ပြုံးမှန်းမသိ ပြုံးနေမိသည်။
"ကိုယ်သဘောကျတယ်... ထပ်ခေါ်ပါဦးကွာ..."
မျက်လုံးလေးကလယ်ကလယ်လုပ်ပြီးကာမှ..
"ဦး..."
"ချစ်ဖို့ကောင်းလိုက်တာကွာ..."
တကယ်ပါ.. ဒီလိုနှုတ်မှထွက်လာသည်ထိမရည်ရွယ်ခဲ့သော်ညားလည်း နှလုံးသားမှစကားလုံးများမှ နှုတ်သို့ ပျို့အန်ကျလာတော့ jungkook ပင်ရှက်သွားရသည်။ တစ်ဖက်ကိုကြည့်တော့လည်း ပါးမို့မို့လေးမှာပန်းနုရောင်သန်းနေသည်။
"ဦးကကျွန်တော့်ကို ကလေးလိုဆက်ဆံနေတာပဲ..."
ထို့သို့ပြောအပြီးတိုက်ပေါ်သို့ပြေးတက်သွားသည်။
YOU ARE READING
My Safe Place