588 86 8
Zawgyi
'မန္တလေးမြို့မှကြိုဆိုပါ၏' ဆိုသည့်စာတန်းကြီးနှင့် ဝါကျင့်ကျင့်မီးရောင်တို့ဖြင့်ထွန်းလင်းစေသော မန္တလေးမြို့အဝင်မှနန်းတော်ပုံစံမုဒ်ဦးသည် ဗညားအားကြက်သီးတဖြန်းဖြန်းထ,စေသည်။ မန္တလေးသည် မြန်မာမင်းဆက်များ၏နောက်ဆုံးထီးနန်းစိုက်ခဲ့သည့်မြို့ဖြစ်သည့်အလျောက် နန်းသွေးနန်းဟန်များဖြင့်အစဉ်အလာကြီးမားခဲ့သောမြို့။ ထိုသို့သောမန္တလေးဖြစ်သည့်အတွက် မြို့ဝင်ပြီဆိုသည့်အသိနှင့်ပင် ဗညားအတွက်တော့အလွန်စိတ်လှုပ်ရှားဖို့ကောင်းနေလေပြီ။
"ကဲ မန္တလေးကျွဲဆည်ကန်ကားကြီးကွင်းကိုရောက်ပါပြီဗျ ​နော်။ ပစ္စည်းလေးတွေဂရုတစိုက်ယူကြပါ။ ကားဗိုက်ခန်းကကိုယ့်အထုပ်ကိုယ်သေချာစစ်ဆေးယူကြပါ"
ယောက်ျားလေးတစ်ယောက်ဖြစ်သည့်အတွက် ဗညားကတော့ပေါ့ပေါ့ပါးပါးပင်။ တစ်လုံးထဲပါသောကျောပိုးအိတ်အား ကားထုပ်တန်းမှဆွဲယူလိုက်ပြီး ကားပေါ်မှဆင်းကာ သူငယ်ချင်းဖြစ်သူကိုဖုန်းဆက်လိုက်သည်။
"ဇော်ကြီးရေ ငါရောက်ပြီကွ။ မင်းလာကြိုနေပြီလား"
"သူငယ်ချင်း ဗညား ငါတောင်းပန်ပါတယ်ကွာ။ ငါ့အဘိုးအသည်းအသန်ဖြစ်လို့ပြီးခဲ့တဲ့မိနစ်ပိုင်းကမှ ငါတို့မိသားစုတောင်ငူကိုထွက်လာခဲ့တာကွ။ ငါလည်းမင်းကိုအခုပဲဖုန်းဆက်တော့မလို့"
ဗညား သူ၏ဘေးခွဲထားသောဆံပင်ပျော့ပျော့တို့အား ခပ်ပြင်းပြင်းဆွဲဖွလိုက်သည်။
"အေးပါကွာ ဘယ်တတ်နိုင်မှာလဲ။ မင်းအဘိုးကိုသာဂရုစိုက်။ ငါလည်းရောက်လက်စနဲ့တော့တစ်ပတ်လောက်နေသွားဦးမှာပါ။ guideလုပ်ပေးမယ့်လူမရှိတော့ တစ်​ယောက်ထဲပဲလျှောက်လည်ရတော့မှာပေါ့"
"ဧည့်ဝတ်မကျေနိုင်လို့ဆောရီးပါ ဗညားရာ"
"ဟာ အဲ့လိုတွေစိတ်ထဲမထားနဲ့သားကြီး၊ ရတယ် ငါကအေးဆေးပဲ"
ထိုအခိုက် အင်္ကျီလက်မောင်းစ,ကိုလာဆွဲသလိုခံစားရတာကြောင့် ဖုန်းပြောနေရင်းငုံ့ကြည့်လိုက်ရာ သူ့အင်္ကျီအားလှုပ်ကိုင်နေသောရှည်သွယ်သွယ်လက်ချောင်းတို့ကိုမြင်လိုက်ရသည်။ ဆက်လက်၍ ထိုလက်ချောင်းပိုင်ရှင်ကိုမျက်လုံးလှန်စူးစမ်းမိသည့်အခါ သူ့ထက်ခေါင်းတစ်လုံးစာမျှအရပ်နိမ့်ကာ အသားလည်းညိုသည့်​ကောင်​လေးတစ်ဦး၏ ပကတိကြည်လင်သောမျက်ဝန်းတစ်စုံနှင့်​ဆုံဆည်း​လေ​တော့သည်။
Classic one shot Collection Where stories live. Discover now