(Unicode)
ခင်ဗျား တို့ အိမ်မက် တွေကို ယုံကြည်ကြလား။ ကျွန်တော် ကတော့ ယုံတယ် ။ တစ်ခါတစ်လေ အိမ်မက်တွေက ရှေ့ပြေးနိမိတ်တွေ ဖြစ်လာနိုင်တာမို့... မိတ်ဆွေ... ခင်ဗျားတို့တတွေလည်း အိမ်မက်တွေကို ယုံကြည်သင့်တယ် ။
------------------------------------
အခြေအနေတွေ ပြန်လည်အေးဆေးသွားတာကြောင့်လားတော့ မသိ။ နေ့ရက်လေးတွေက နေချင်စဖွယ် သာယာနေသည်ဟု သူ ထင်မိလေသည်။
သူ့ကျောပေါ်မှ ကုတ်ရာခြစ်ရာတွေက လွဲ၍ တခြား ဘာထိခိုက်ဒဏ်ရာ မှ မရတာကြောင့် တော်သေးသည် ဟု ဆိုရပေမည်။ လင်းခန့် ကတော့ သူ၏ အရိုးတွေ ထိခိုက်မှာကို စိုးရိမ်နေတာကြောင့် အာထရာဆောင်း ရိုက်ကြည့်ပြီးမှ သာ စိတ်ပူပင်မှု လျော့သွားလေသည်။ အမေ စိတ်ပူနေမှာကြောင့် ဖြစ်ပျက်သမျှတွေကိုတော့ သူ လှမ်းအသိမပေးဖြစ်။
ယခုလည်း သူ အိပ်ရာပေါ်တွင် တစ်နေကုန် မလှဲလိုတာကြောင့် ခြံထဲဆင်းရင်း သူ မြတ်နိုးရာ သစ်ခွပင် ၊ ပန်းပင်များရှိရာ လာရင်း စိတ်ပြေလက်ပျောက် ရေလောင်းပေးနေမိလေသည်။
"ဟာ..ဆိုရိုး...အေးဆေးနားနေလေကွာ... "
"အေးလေ... ဟုတ်သား...ဒဏ်ရာတွေ က အရှင်းပျောက်သေးတာလည်း မဟုတ် "
အပြင်မှ ပြန်လာသော လင်းခန့် နှင့် တိမ်လွှာက ရေလောင်းနေသော သူ့ကိုမြင်တော့ ကရုဏာဖြင့် ဆိုလေသည်။သူ ပြုံးပြရင်းနှင့်ပင်...
"အခန်းထဲ အောင်းနေရတာ မွန်းကြပ်တယ်ဟ... ခေါင်းလည်း ငြီးစီစီ နဲ့မို့ ရေလောင်းနေတာပါ...ပန်းပင်လေးတွေကို မြင်ရတာ အေးချမ်းလို့ပါ..
ဒါနဲ့ ဘာတွေ ဝယ်လာတာလည်း... "သူ ယခုမှ လင်းခန့်တို့ သယ်လာသော အထုပ်တွေကို မြင်မိရင်း မေးလိုက်လေသည်။ လင်းခန့်က ဖော့ဘူးလေးကို မြှောက်ပြရင်း...
"မင်းကြိုက်တဲ့ ဆီချက်ခေါက်ဆွဲလေ...ဝက်သားနဲ့...ငါ သွားပြင်လိုက်မယ်... မင်းလဲ မကြာစေနဲ့အုံး.. အအေးမိမယ် "
ပြောရင်းထွက်သွားသော လင်းခန့်ကျောပြင်ကို ကြည့်ရင်း သူ့မှာ ဇဝေဇဝါ ။ အမှန်တိုင်း ပြောရလျှင် သူ ဆီချက် လုံးဝ မကြိုက်ပါ။ ပြီးလျှင် ဝက်သား ထက် ကြက်သား သာလျှင် သူပိုကြိုက်သည်ကို လင်းခန့် မသိစရာ အကြောင်းမရှိ။ အမှတ်မှားရအောင်လည်း လင်းခန့် ဘယ်တုန်းကမှ ဒီလို အမှတ်မမှားဘူး တာကို သူ သိလေသည်။
YOU ARE READING
Don't Play With Me 2
Mystery / ThrillerIf you don't want to disappear from this world ,don't play with me. တကယ်လို့ ခင်ဗျား က ခင်ဗျား မဟုတ်တော့တဲ့ အခါ... ခင်ဗျား ဘာဆက်လုပ်ဖြစ်မယ်ထင်လဲ။