Part 4

494 32 7
                                    

(Unicode)

"ဆိုရိုး "

သူအခန်းဝရောက်တော့ ထိုအရာ ၏ လက်ထဲတွင် ကူကယ်ရာမဲ့နေသော ဆိုရိုးကို မြင်လိုက်ရတာကြောင့် သူ အမြန်ပင် ဆားဖြင့် လှမ်းပက်လိုက်လေတော့သည်။

ဆားများကြောင့် ပျောက်ကွယ်သွားကာ ဆိုရိုးသည် အောက်သို့ အရုပ်ကြိုးပြတ် ပြုတ်ကျသွားလေတော့သည်။ သူ စိုးရိမ်တကြီး ဆိုရိုး အား ထွေးပွေ့လိုက်ရင်း နှာခေါင်းဝ နား လက်ညိုးထားကြည့်တော့ လေကို မခံစားရတာမို့ စိုးရိမ်သွားကာ ရင်ဘတ်ဆီသို့ကပ်လိုက်ခါ  နှလုံးခုန်သံအား နားစိုက်ထောင်ကြည်​့လိုက်လေသည်။ တော်သေးသည်က နှလုံးခုန်သံတိုးတိုး ကြားနေရသေးလေသည်။

"ဆိုရိုး... ဆိုရိုး "

ဆိုရိုးကတော့ ငြိမ်ကျနေဆဲ။ ထို့ကြောင့် သူ ညာလက်ပေါ်ဘယ်လက်ကိုယှက်တင်ကာ CPR နည်းဖြင့် ဆိုရိုး ရင်ဘတ်သို့ တစ်ချက်ချင်းဖိလိုက်လေသည်။

အခြေအနေက သိပ်ထူးခြားမလာတာမို့ သူလဲ ကြံရာမရဖြစ်ကာ ဆိုရိုးအား လေမှုတ်သွင်းရန် ဆိုရိုး နှုတ်ခမ်းဝလေးနား သူ့ နှုတ်ခမ်းအကပ်...

"အဟွတ် အဟွတ် "

"ဟာ...ဆိုရိုး သတိရလာပြီလား "

''အင်း..."

လေသံဖျော့ဖျော့လေးဖြင့် ခေါင်းငြိမ့်ပြလာတာမို့ သူ ဆိုရိုးအား ထူပေးလိုက်ကာ သူ့ရင်ခွင်ထဲ အမှီပြုစေလိုက်သည်။

ထိုစဥ် ကြောင်အော်သံနှင့်အတူ ထို မျက်လုံးနီနီ ပိုင်ရှင် က ပြန်ပေါ်လာတာကြောင့် တိမ်လွှာက ဘယ်အချိန် က ယူထားလိုက်မှန်းမသိသော ရေမန်းပုလင်းကို မြင်သာအောင် ပြလိုက်ရင်း..

"ဒီမှာ..လွန်း... ငါတို့လည်း မင်းကို မထိခိုက်စေချင်သလို မင်းလည်း ငါတို့ကို မနှောင့်ယှက်ပါနဲ့တော့ .မင်းပစ္စည်းလည်း ပြန်ပေးမယ်..လင်းခန့်...သော့ချိတ် "

သူ ဆိုရိုး ဘောင်းဘီ အိပ်ကပ်ထဲ လက်နှိုက်မည် အပြုတွင် စူးရှသော အော်ရယ်သံနှင့်အတူ ပြင်းထန်သော အင်အားတစ်ခု၏ တွန်းတိုက်မှုကြောင့် သူရော ဆိုရိုးပါ တကွဲတပြားဆီ လွင့်စင်သွားရလေတော့သည်။

Don't Play With Me 2Where stories live. Discover now