Part 3

600 40 3
                                    

(Unicode)

အိမ်မက်ထဲတွင် မြင်တွေ့ခဲ့ရသော ကြောက်နက်ကြီးအား ဝရံတာလက်ရန်းပေါ်တွင် တွေ့လိုက်ရသောကြောင့် လိပ်ပြာလွင့်မတတ် သူ ခံစားလိုက်ရလေသည်။ ကြောက်စိတ်တွေဖြင့် ခြေလှမ်းတွေ နောက်ဆုတ်မိနေဆဲ မာန်ဖီသံပေးကာ  သူ့အပေါ် ခုန်အုပ်လာသောကြောင့် ကြောက်လန့်တကြား အော်ဟစ်မိရင်း သူ နောက်ပြန်လဲကျသွားလေသည်။

"ဆိုရိုး...ဆိုရိုး... ဘာဖြစ်တာလဲ.."

အပေါ်ထပ်သို့ ဒုန်းစိုင်းပြေးလာသံနှင့်အတူ လင်းခန့်၏ စိုးရိမ်တကြီး ခေါ်သံအား ကြားလိုက်ရတာကြောင့် သူအားတက်သွားကာ အနားရောက်လာသော လင်းခန့်အား ကြည့်ရင်း...

"ကြောင်... ကြောင်နက်ကြီး... "

"ဟင်...ဘယ်မှာလဲ... ဘာမှမရှိပါဘူး"

သူ့ပုခုံးအား ဘယ်လက်ဖြင့် သိုင်းပေးရင်းမှ ဘေးဘီဝဲယာ ကြည့်ရှုကာ ပြောသော လင်းခန့်ကြောင့် သူ ပြန်ကြည့်မိတော့ ကြောင်နက်ကြီးက ပျောက်ချင်းမလှ ပျောက်သွားလေပြီ။

"မဖြစ်နိုင်ဘူး...ငါ့အပေါ်တောင် ခုန်အုပ်လာတာ အဲ့ကြောင်က "

သူ မတ်တပ်ထရပ်ရင်းမှ အနားတဝိုက် ရှာကြည့်တော့ ဘာဆို ဘာမှမတွေ့ရတော့ ။

"မဟုတ်ဘူး...ငါ တကယ်တွေ့လိုက်ရတာ သေချာတယ် လင်းခန့် "

"အေးပါ...ဘေးခြံဘက်က ကြောင်တွေ ဖြစ်မှာပေါ့ ...ကဲ လာပါ..ညစာ အဆင်သင့်ဖြစ်ပြီ... သွားစားကြစို့ "

"ဒါ... ဒါပေမယ့် "

"ဘာလဲ...ငါ ပွေ့ချီသွားရမှာလား "

"အမ်...မလုပ်နဲ့ မလုပ်နဲ့.. "

လင်းခန့် က ပြောသည့်အတိုင်း လုပ်တတ်တာမို့ သူ လန့်ကာ အတင်းငြင်းရင်း အောက်ထပ်ဆီသို့ ပြေးဆင်းလိုက်ရလေသည်။

ညစာ စားပြီးသည့်တိုင် ခုနက ကိစ္စ အား တကယ်ကို အခဲမကြေသေးချေ။
ထိုစိတ်နှင့်ပင် အိပ်ရာဝင်သည့်တိုင် အတွေးတွေဖြင့် အိပ်ရာပေါ် ဟိုလူး ဒီလှိမ့်။ ဒီတခေါက်တော့ အသေအချာကို မြင်လိုက်ရသည်မှာ ကျိန်းသေတာမို့ သူ စဥ်းစားရင်းနှင့်ပင် အိပ်၍ မရ။

Don't Play With Me 2Where stories live. Discover now