Part 5 (Final)

714 39 15
                                    

(Unicode)

"သော့...ချိတ်...ကို...ဖျက်...ပစ်..."

ဆိုရိုး၏ ဖျစ်ညစ်ပြောလိုက်သော စကားသံ တိုးတိုး ထွက်ပေါ်လာပေမယ့်လည်း သူကတော့ အသံပင်မထွက်နိုင်တော့တာကြောင့် ဆိုရိုး၏ ဘယ်ဘက် ဘောင်းဘီအိတ်အား လက်ညိုးပဲ ညွှန်ပြလိုက်လေသည်။

နားလည်လွယ်သော ဆိုရိုးက ဘောင်းဘီအိတ်ထဲ လက်နှိုက်လိုက်သည့်အခိုက် ...ညစ်အားတွေက ပို၍ တင်းကြပ်လာတာကြောင့် မွန်းကြပ်သထက် မွန်းကြပ်လာကာ နောက်ဆုံး တိမ်လွှာတစ်ယောက် တစ်ကိုယ်လုံး ပျော့ခွေသွားလေတော့သည်။ ထိုအခါမှ တိမ်လွှာအား လွှတ်ချလိုက်ကာ ဆိုရိုး ဘက်လှည့်ရင်း လည်ပင်အား ဂုတ်ချိူးတော့မည့်ဟန် ပြင်လိုက်လေသည်။

"ဟေး...."

ယင်းအခိုက် လင်းခန့်၏ ခေါ်သံနှင့်အတူ သူတို့ဆီသို့ ဆားများ ဝဲပျံလာတာကြောင့် ချိုးလုဆဲဆဲလက်အား ပြန်ရုပ်သိမ်းကာ လင်းခန့် ရှိရာသို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည့်အချိန် ညစ်အားလျော့သွားတာကြောင့် ဆိုရိုးအမြန်ပင် သော့ချိတ် အား ယူလိုက်ကာ လင်းခန့် ရှိရာသို့ အားကုန် လွဲပစ်လိုက်လေတော့သည်။

သော့ချိတ် လေပေါ်ဝဲသွားသည်ကို မြင်လိုက်ရသောကြောင့် ဒေါသပိုထွက်သွားသော ဝိညာဥ်ဆိုးသည် ဆိုရိုးအား ကြမ်းပြင်ပေါ် သို့ အားကုန် ဆောင့်ပစ်လိုက်ပြီး သော့ချိတ်ရှိရာသို့ လျင်မြန်သော အဟုန်ဖြင့် ပြေးဖမ်းလိုက်လေတော့သည်။

အနီး သို့ ဝဲပျံလာသော သော့ချိတ် အား လင်းခန့် ဖမ်းမိလုဆဲဆဲ ပင် အနားရောက်လာသော ဝိညာဥ်ဆိုးက အရင် ဖမ်းမိသွားလေတော့သည်။ လင်းခန့် အမြန်ပင် တဖက်သို့ လှိမ့်ရှောင်လိုက်ရင်း အနားမှ တုတ်ချောင်းဖြင့်ပင် သော့ချိတ် ကိုင်ထားသော ဝိညာဥ် လက်ကို အားဖြင့် လွှဲကာ ရိုက်ချပစ်လိုက်လေတော့သည်။

ရုတ်တရက် မို့ အငိုက်မိသွားသောကြောင့် သော့ချိတ်က အဝေးသို့ လွှင့်သွားလေသည်။ အားကုန်ထုတ်သုံးလိုက်ရတာကြောင့် လင်းခန့် အတော်ပင် မောသွားကာ နေရာမှာပင် ဒူးထောက်ထိုင်ကျ သွားရင်း အမောဖြေနေရလေသည်။ သော့ချိတ်အား ပြေး၍ပင် မကောက်နိုင်တော့ ။

Don't Play With Me 2Where stories live. Discover now