Unicode
အရပ်မရှည်ပေမယ့် ချမ်းသာပြီး ချောမောခန့်ညားလှသည့် လင်ဖေးရန်သည် အမြဲတမ်းလူများဆီက အာရုံစိုက်ခံရသည့်သူတစ်ယောက်ဖြစ်ခဲ့သည်။ သို့သော် အထက်တန်းဒုတိယနှစ်တွင် ကျောင်းပြောင်းပြီးသည့်နောက်၌ မတိုင်ခင်က သူရရှိထားခဲ့သော ထိုအာရုံစိုက်ခံရမှုများကို သူ၏ နတ်ဘုရားလို ချောမောလှသည့်အတန်းဖော်ကုခိုင်ဖုန်းက လုယူသွားပြီဖြစ်ကြောင်း လင်ဖေးရန်သိလိုက်ရသည်။
လင်ဖေးရန်၏ နှလုံးသားမှာ အလွန်အမင်းခါးသက်လာပြီး ကုခိုင်ဖုန်းအပေါ်တွင် ပြိုင်ဘက်ရန်သူတော်ကြီးတစ်ယောက်ကဲ့သို့သာ ဆက်ဆံတော့သည်။ ထိုလူနှစ်ယောက်သည် အဆောင်တစ်ခန်းထဲတွင် အတူတူနေကြသော်လည်း သူတို့၏ဆက်ဆံရေးမှာကား သူစိမ်းများကဲ့သို့ တစ်ယောက်နှင့်တစ်ယောက်အလွန်စိမ်းကြလေ၏။ သို့သော်ငြားလည်း………
လင်ဖေးရန်က သူ့အဘိုး၏ဈာပနပွဲသို့တက်ရောက်ရန် အိမ်သို့ခဏပြန်ချိန်၌ ၎င်းတို့မျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းလာခဲ့သော ယင်-ယန်ဓာတ်မျက်ဝန်းတစ်စုံကို မတော်တဆအမွေဆက်ခံမိသွားသည်။ သရဲများကိုမြင်နိုင်သော ထိုစွမ်းရည်ရလာပြီးသည့်နောက်တွင် သူတို့နှစ်ယောက်၏ အဆောင်ခန်းလေးမှာ အမှန်တကယ်တွင် ဆယ့်ခြောက်ယောက်ခန်းဖြစ်နေကြောင်းကို အာဂသတ္တိခဲလေး,လင်ဖေးရန်သိလိုက်ရပြီး အချိန်တိုင်းကြောက်ဒူးတုန်နေရှာတော့သည်။
ပိုမိုဆိုးရွားစွာ ကြောက်ဖို့ကောင်းစေသည်ကတော့ ကုခိုင်ဖုန်း၏ ခန္ဓာကိုယ်အတွင်းပိုင်းဖွဲ့စည်းမှုတွင် ယန်ဓာတ်ပေါများစွာရှိနေခြင်းပင်။ ကုခိုင်ဖုန်းကိုထိတွေ့လိုက်တိုင်း လင်ဖေးရန်၏ ယင်-ယန်မျက်လုံးများကို ခဏတာကွယ်ထားစေနိုင်ကြောင်း လင်ဖေးရန်သိလိုက်ရလေသည်။ အသားချင်းတစ်ခါထိလျှင် ငါးမိနစ်ခန့်၊ အနမ်းတစ်ခါပေးလျှင် တစ်နာရီခန့်၊ အစရှိသဖြင့်ပင်ဖြစ်သည်……။
လင်ဖေးရန်မှာ မဟာရန်သူတော်ကြီး၏လက်မောင်းများကြား သူ့ကိုယ်သူပစ်သွင်းရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။ ဤကဲ့သို့ လင်ဖေးရန်၏ ကုခိုင်ဖုန်းအပေါ် ဆက်ဆံပုံ တစ်ရာရာခိုင်နှုန်း ပြောင်းပြန်ပြောင်းလဲမှုကြီးက နေ့စဉ်နေ့တိုင်း မိုးလင်းကနေ မိုးချုပ်အထိ ဆက်တိုက်ဖြစ်နေတော့သည်။

YOU ARE READING
မင်း ကိုယ့်ကို သဘောကျလား? [ မြန်မာဘာသာပြန် ]
RomanceTitle : Don't You Like Me? Author : 吕天逸。 Status : 66 Chapters + 32 Extras [ Completed ] Type : Web Novel. Genre : Comedy, Romance, Fantasy, School Life, Supernatural, Yaoi. Original Title : 你是不是喜欢我。 你是不是关注我。 M...