Unicode
အရှက်အကြောက်ကြီးမားလှသော နူးနူးညံ့ညံ့ပဲစေ့မင်းသမီးလေး
လင်ဖေးရန်သည် ယခုထိတိုင် "ကုခိုင်ဖုန်းထက် ပိုမြန်မြန်လျှောက်ဖို့" ဟူသောအတွေးကို ခိုင်မြဲစွာလက်ကိုင်ဆွဲနေသေးသော်ငြား ထိုသို့ကြောင်တောင်တောင်တွေးနေသည်က ထုတ်ဖော်ပြောကြားရန်ပင် လွန်စွာရှက်ဖွယ်အတိ။
ဟုတ်တယ်၊ လင်ဖေးရန်ကိုယ်တိုင်လည်း သူရူးနေပြီဆိုတာကို သေချာပေါက်သိသည်။
သို့ပေမယ့် သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးပါချေ။
လင်ဖေးရန်၏ မျက်နှာသည် နီရဲလာပြီး ကုခိုင်ဖုန်းအား ဆဲရေးပစ်လိုက်ချင်နေသလိုမျိုး အေးစက်စက်ကြည့်လိုက်သည်။ ထိုစဉ် သူ့အိတ်ထောင်ထဲရှိ ဖုန်းက အသံမြည်လာသဖြင့် ဖုန်းပြောရန် အခန်းအပြင်ဘက်သို့ ထွက်လာလိုက်သည်။ ဖုန်းစခရင်မ်ကိုကြည့်လိုက်သည့်အခါ လင်ဖေးရန်တစ်ယောက်အံ့အားသင့်သွားရသည်။ ဒီနံပါတ်က သူ့အဖေပြည်တွင်းမှာရှိစဥ်တုန်းက သုံးခဲ့သည့်ဖုန်းနံပါတ်ဖြစ်၏။ လင်ဖေးရန်၏အဖေသည် ဥရောပသို့ လွန်ခဲ့သောလက သွားပြီဖြစ်ပြီး နောက်သုံးလကြာရင် လင်ဖေးရန်အား လာတွေ့မည်ဖြစ်ကြောင်း ပြောသွားခဲ့သည်။ ဒီလောက်အစောကြီးတော့ ပြန်မလာသင့်!
လင်ဖေးရန်က ဖုန်းကိုအလောတကြီးပြန်ဖြေလိုက်သည်။
"ဝေ! ပါး ဘာလို့ဒီနံပါတ်ကို ပြန်သုံးနေရတာလဲ? ပြန်ရောက်နေတာလား?"ဖုန်းကိုဖြတ်၍ထွက်လာသော လင်ချန်းယွီ၏ အသံက အတော်လေးကိုလေးနက်နေသည်။
"ဖေးရန်၊ သားအဘိုး အခြေအနေမကောင်းတော့ဘူး။"လင်ဖေးရန်၏နှလုံးသားသည် ရုတ်တရက်ကြီးအေးခဲသွား၏။ သူ့ဦးနှောက်ထဲ စက္ကန့်ပိုင်းလောက် ဗလာဖြစ်သွားပြီးမှ ကိုယ့်ကိုကိုယ်ရေရွတ်လိုက်သလိုမျိုး အသံမျှင်မျှင်လေးနှင့် တုန့်ပြန်မိလိုက်သည်။
လင်ချန်းယွီ၏ပြောပြချက်အရ ယခင်ကသေချာကုထားပြီးဖြစ်သော ရောဂါဟောင်းက အခုမှ ရုတ်တရက်ပြန်ထလာသည်ကြောင့်ဟုဆိုသည်။ အဘယ်ကြောင့် ကောင်းနေရင်းကနေ ထဖောက်ရသလဲဆိုတာကိုတော့ မည်သူမှမသိကြပေ။ နောက်တစ်နေ့မနက်တွင် လင်ချန်းယွီသည် လင်ဖေးရန်အား သူ့အဘိုး၏ ဇာတိရွာလေးသို့ နောက်ဆုံးအကြိမ်သွားတွေ့ရန် ကျောင်းသို့လာခေါ်မည်ဖြစ်သည်။

YOU ARE READING
မင်း ကိုယ့်ကို သဘောကျလား? [ မြန်မာဘာသာပြန် ]
RomanceTitle : Don't You Like Me? Author : 吕天逸。 Status : 66 Chapters + 32 Extras [ Completed ] Type : Web Novel. Genre : Comedy, Romance, Fantasy, School Life, Supernatural, Yaoi. Original Title : 你是不是喜欢我。 你是不是关注我。 M...