အပိုင်း(၁)

463 50 6
                                    

Unicode

ကမ္ဘာပေါ်မှာ လူပေါင်း၁၀၈သန်းလောက်သေပြီးပြီ။

ဂီတခန်းမထဲတွင် စန္ဒယားခုံ၌ထိုင်နေရင်း ဂီတနုတ်များကို လင်ဖေးရန်ကြည့်နေမိသည်။

ထိုသီချင်းသည် နောက်အပတ်၌ ကျင်းပမည့် ကျောင်းပျော်ပွဲရွှင်ပွဲတွင် သူ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက်ဖြစ်သည်။ ယခုနှစ်အထက်တန်းနှစ်စကတည်းကစ၍ လင်ဖေးရန်၏ နေ့တိုင်းပုံမှန်စန္ဒယားလေ့ကျင့်မှုသည် သိသိသာသာကို နှုန်းလျော့ကျသွားသည်။ ကျောင်းအသစ်ပြောင်းလာသည်ကြောင့်ရော ပတ်ဝန်းကျင်အသစ်ဖြစ်နေခြင်းကြောင့်ရယ်ပါ စန္ဒယားကို သူမထိနိုင်ခဲ့သည်မှာ တစ်လနီးပါးခန့်ပင် ရှိခဲ့ပေပြီ။ အရင်တုန်းက မျက်စိစုံမှိတ်၍ပင် တီးနိုင်ခဲ့သည့်သီချင်းတောင်မှ အခုတော့မေ့တေ့တေ့ဖြစ်နေချေပြီ။

လင်ဖေးရန်ဂီတနုတ်တွေကို တစ်ချက်ထပ်ကြည့်လိုက်ပြီး ဂီတစာအုပ်ကို စန္ဒယားခုံ၏ စင်ပေါ်သို့တင်လိုက်ကာ စန္ဒယားတီးရန် စတင်ပြင်ဆင်လိုက်သည်။

ထိုအချိန်တွင် ခပ်ဩဩနှင့် နားဝင်ပီယံရှိလှသော အမျိုးသားတစ်ယောက်၏အသံသည် လင်ဖေးရန်၏နားစည်ဝသို့ ရိုက်ခတ်လာသည်။

"ကျွန်တော်တို့ကျောင်းရဲ့ စတုတ္ထအကြိမ်မြောက် ယဉ်ကျေးမှုနဲ့ အနုပညာပွဲတော်ကြီးကို ယနေ့စတင်လိုက်ပါပြီ။ ယဥ်ကျေးမှုက ကျွန်တော်တို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ပိုမိုတက်ကြွလာအောင် မြှင့်တင်ပေးပြီး အနုပညာကတော့ ......"

လင်ဖေးရန်သည် အသံလာရာအရပ်ကို မကြည့်မိဘဲ မနေနိုင်တော့ပါချေ။

ဂီတခန်းမ၏အရှေ့ဘက်လျှောက်လမ်း၌ ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးသည် မတ်တပ်ရပ်နေကြသည်။ မိန်းကလေးသည် လင်ဖေးရန်တို့နှင့် ဘေးချင်းကပ်လျက်အတန်းက မိန်းကလေးအတန်းခေါင်းဆောင်ဖြစ်သည်။ သူမနာမည်က ဝမ်ယောင်။ လှပပြီး သွက်လက်သည့်အပြင် စကားပြောညက်ညောသောသူမသည် ကျောင်း၏ပျော်ပွဲရွှင်ပွဲတွင် မိန်းကလေးအစီအစဥ်တင်ဆက်သူအဖြစ် ရွေးချယ်ခံလိုက်ရသည်။ သူမဘေးနားတွင်ရပ်နေသည့်သူကတော့ ယောက်ျားလေးအစီအစဉ်တင်ဆက်သူတဖြစ်လည်း လင်ဖေးရန်၏မဟာရန်သူတော်ကြီး ကုခိုင်ဖုန်း ။

မင်း ကိုယ့်ကို သဘောကျလား? [ မြန်မာဘာသာပြန် ]Where stories live. Discover now