အထင်ကရ၏ စကားကိုကြားသည်နှင့် အထင်ကရ၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်ကာ ပိုးလုံးက ဝုန်းခနဲ ထရပ်လာလေသည်။ အစက နောက်ကျောပေးဆိုပေမယ့် ချက်ချင်းဆိုသလို ပိုးလုံးက အထင်ကရနဲ့ မျက်နှာချင်းဆိုင်ဖြစ်အောင် လှည့်ရပ်လိုက်သည်။
ရင်ဘတ်ကို တွန်းလိုက်သည့် လက်နုနုလေးနှစ်ဖက်ကို အထင်ကရ၏ လက်တစ်ဖက်ထဲဖြင့်ဖမ်းချုပ်ပစ်ကာ အနောက်က စားပွဲပေါ် ပိုးလုံးငယ်ကို တွန်းချလိုက်သည်။
*အင့်..!*
ကြားမှာ ခံနေသည့်ခုံကိုလဲ ခြေထောက်ဖြင့်ဖယ်ကာ အထင်ကရ ပိုးလုံးအနားသို့ ကပ်သွားလိုက်သည်။ အရင်က နူးနူးညံ့ညံ့လေး ဖြစ်သည့်ဒီကောင်လေးက အထင်ကရကို စူးရဲစွာ ပြန်ပြီးစိုက်ကြည့်ေနလေသည်။
ခန္ဓာကိုယ်အေပါ်ပိုင်းက စားပွဲပေါ်မှာ ပက်လက်ကလေး ဖြစ်နေကာ လက်တွေကလဲ အထင်ကရ၏ ချုပ်နှောင်ခြင်းကို ခံထားရလေသည်။
*ခင်ဗျား ဘာလုပ်မလို့လဲ*
တစ်ဖြေးဖြေး ငုံ့လာသည့် အထင်ကရ၏မျက်နှာကြောင့် ထိတ်လန့်နေသည့် မျက်နှာလေးဖြင့် အော်လာလေသည်။ လွန်ခဲ့တဲ့ ငါးနှစ်ကထဲက အထင်ကရ အကြောင်းကို သိနေသူမို့ အခုအခြေအနေက ဘယ်ကိုသွားမည်မှန်း ထိုကောင်လေး ကောင်းကောင်းသိလောက်သည်။
နှုတ်ခမ်းစိုရဲရဲဖူးဖူးလေးကို ထိကပ်ရန် ကြိုးစားလိုက်ပေမယ့် ဖြတ်ခနဲ လွှဲရှောင်သွားသည့် ကောင်လေးကြောင့် အထင်ကရ၏အနမ်းတွေက ထိုကောင်လေး၏ လည်ပင်းပေါ်ကိုသာ ကျရောက်သွားလေသည်။
*ဦးအထင်ကရ..*
လည်ပင်းပေါ်ရောက်နေသည့် နှုတ်ခမ်းသားတွေကို ထိုလည်ပင်း ဖြူအုအုလေးတစ်လျှောက် လျှာဖြင့်လျက်လိုက်တော့ သူ့လက်ထဲက အတင်းရုန်းကန်လာသည့် လက်နုနုလေး နှစ်ဖက်။
အောက်ကနေ တွန့်လိမ်ကာ ရုန်းနေသည့် ကိုယ်လေးကိုလဲ အထင်ကရ ဖိထားလိုက်တော့ မလှုပ်သာမလွန့်သာ။
*ခင်ဗျား..ဟာ့*
ထိုကောင်လေး၏ အဓိကနေရာကို သိသည်မို့ လည်ပင်သားတွေကနေတစ်ဆင့် နားရွက်ဖျားလေးကို အသာဆွဲစုပ်လိုက်တော့ တွန့်ခနဲဖြစ်သွားသည့် ခန္ဓာကိုယ်လေး။