အိမ်ထဲရောက်သည်နှင့် ပိုးလုံးလက်လေးကို ဆွဲကာ ဆိုဖာပေါ် ထိုင်စေလေသည်။ တိတ်ဆိတ်နေသည့် အိမ်ကြီးကြောင့် ပိုးလုံး အနည်းငယ်တော့ လန့်နေရသည်။ ဘာကို ကြောက်မှန်းတော့မသိ။
လူကြီးနဲ့နှစ်ယောက်ထဲဆိုသော အသိကပဲ ရင်ခုန်နေစေတာလား မပြောတတ်။ လူကြီးက ကားသော့ကို ရှေ့ကစားပွဲပေါ် တင်လိုက်ရင်း ပိုးလုံးကို ရယ်ပြလာလေသည်။
*ဘယ်သူမှ မရှိဘူးလားဟင် လူကြီး*
ပိုးလုံး တစ်အိမ်လုံးကို ဝေ့ဝဲကြည့်ကာ မေးလိုက်သည်။ လူကြီးက ပိုးလုံးဘေး လာထိုင်ကာ
*မရှိဘူး ပိုးလုံးလေးရဲ့။ ဒီအိမ်ကို သန့်ရှင်းဖို့က မနက်ကထဲက မှာထားတော့ သန့်ရှင်းပြီးတာနဲ့ အားလုံး ပြန်သွားကြပြီလေ*
ပိုးလုံး အောက်နှုတ်ခမ်းလေးကိုက်ကာ ခေါင်းညိမ့်လိုက်သည်။ ပေါင်ပေါ်တင်ထားသည့် ပိုးလုံး၏ လက်သေးသေးလေးကို လာဆုပ်ကိုင်သည့် လက်တစ်စုံ။ ပိုးလုံး ရင်တွေခုန်နေကာ ခေါင်းပင် မမော့ရဲတော့။
ပိုးလုံးကို ကြည့်နေမည့် လူကြီး၏ အကြည့်တွေကို ရင်မဆိုင်ရဲ။
*ကလေးလေး*
တိုးသဲ့သဲ့ လူကြီး၏ ခေါ်သံက ပိုးလုံး ကိုယ်လေးကို သေးကျုံ့သွားစေသည်။ ပိုးလုံး လက်လေးကို လူကြီး၏ လက်ထဲက အနည်းငယ်ရုန်းကာ ဆွဲယူနေပေမယ့် လူကြီးက ပိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားတော့ ရုန်း၍မရ။
*ကိုယ့်ကို ကြောက်နေတာလား*
ပိုးလုံး ခေါင်းသာ ညိမ့်ပြလိုက်သည်။ ပိုးလုံးအနားကို ပိုကပ်လာသည့် လူကြီးက ပိုးလုံး၏ ကိုယ်လုံးလေးကိုလဲ သိုင်းဖက်လာသေးသည်။
*ဘာလို့ကြောက်နေတာလဲ။ ကိုယ် ကလေးကို ဘာမှမလုပ်ပါဘူးကွ*
*ဒီလိုကြီး မနေတတ်ဘူး လူကြီး*
ပိုးလုံး ခန္ဓာကိုယ်လေးကို ကျုံ့ကာ လူကြီးဆီက ရုန်းထွက်ပေမယ့် လုံးဝလွှတ်မပေးသည့် လူကြီးက ပို၍ပင် တိုးဖက်လာသေးသည်။
*မရုန်းနဲ့ ကလေးရာ။ ကိုယ်က ကလေးကို ချစ်လို့ ဖက်တာလေ*
*ဒါပေမယ့်..*