Unicode
Jimin's Pov
ကျွန်တော်တို့ဒီနေ့ အခြားလူတွေကိုပြောပြမှာဖြစ်တယ်။ ဘယ်လိုတွေဖြစ်သွားမလဲတော့မသိဘူးပေါ့နော်။ အစီအစဥ်တော့မဆွဲထားပဲ ဒီအတိုင်းပဲပြောပြမှာ။ Rm hyung ကဒီလိုမျိုးတွေကို အားပေးတော့ လက်ခံမှာကတော့သေချာတယ်။ အခြား member တွေလည်း ကျွန်တော်တို့ရဲ့ သူငယ်ချင်းဖြစ်တာမို့ လက်ခံလောက်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကြောက်နေပြီး Tae လည်းကြောက်နေတယ်ဆိုတာ ပြောနိုင်တယ်။
အားတွေမွေးပြီး ကျွန်တော်တို့ သူတို့ကိုပြောပြဖို့ အိပ်ခန်းထဲမှာ ထိုင်နေလိုက်တယ်။
"အဲ့တော့ ငါတို့အခုသွားပြောကြမလား?"
"အင်း သွားမယ်။"
ကျွန်တော်တို့ yoongi hyung မရှိတဲ့ ဧည့်ခန်းကိုသွားလိုက်တယ်။
"ငါ yoongi hyung ကိုသွားနှိုးလိုက်မယ်။" Tae ကပြောပြီး yoongi အခန်းထဲဝင်သွားတယ်။
"hyung တို့" ကျွန်တော် ကြောက်တဲ့အသံနဲ့ပြောလိုက်တယ်။
"ပြောလေ Jimin" အကုန်လုံးက ကျွန်တော့်ကိုကြည့်ပြီးပြန်ပြောတယ်။
"ကျွန်တော်နဲ့ Tae နဲ့ hyung တို့အားလုံးကိုပြောစရာရှိလို့ပါ။"
Tae နဲ့ yoongi hyung နဲ့ရောက်လာပြီး ကျွန်တော့်ဘေးလာထိုင်တယ်။ ကျွန်တော်က သူတို့ကိုကြောက်ကြောက်နဲ့ ကြ ည့်နေပြီး သူတို့ကလည်း ကျွန်တော့်ကို သိချင်တဲ့ စိတ်နဲ့ကြည့်နေတယ်။
"မင်းတို့ သူတို့ကိုဘာလို့အဲ့လိုကြည့်နေတာလဲ?" yoongi hyung ကမေးတယ်။
"ငါတို့ကိုပြောစရာရှိတယ်တဲ့" Hobi hyung ကပြောတယ်။
"အမ်..ဟုတ်တယ် ပြောဖို့မလွယ်ဘူး" Tae ကသူတို့ကိုမကြည့်ပဲ လည်ပင်းနောက်ကိုပွတ်နေပြီးပြောလိုက်တယ်။
"ပြောမှာသာပြော Taehyung-ah ငါတို့နားလည်ပေးပါ့မယ်။" Rm hyung ကပြောတယ်။
ကျွန်တော်နဲ့ Tae နဲ့လက်ကိုင်လိုက်ပြီး
"ကျွန်တော်နဲ့ Tae နဲ့တွဲနေပါတယ်" ကျွန်တော်ပြောပြီးတာနဲ့ သူတို့ကို မကြည့်ရဲတော့ပဲ Tae ကလည်း ကြမ်းပြင်ကိုပဲကြည့်နေတယ်။ ကျွန်တော့်လက်ကို ဆုပ်လိုက်တယ်။
CZYTASZ
Nothing without you :Vmin ff (u&z) ✅
FanfictionTaehyung နဲ့ Jimin တို့နှစ်ယောက် တော်တော်ရင်းနှီးလာကြပြီး ARMYs တွေကလည်းသူတို့နှစ်ယောက်ကို ship ကြတော့ Taehyung ကစဥ်းစားလာတယ်။ ပြီးတော့ Jimin ကိုချစ်မိသွားတယ်။ Jimin ကရော အဲ့လိုခံစားရရဲ့လားမသိတဲ့အတွက် စိတ်ဓာတ်တွေကျနေမိတယ်။ အဲ့စိတ်ကျမှုကို members တွ...