Part 11 (End)

298 18 5
                                    

Unicode

Tae နဲ့ Jimin တို့စောင့်နေရတဲ့ နေ့လေးသို့ရောက်လေပြီ။ ဒီနေ့ပြီးရင် နှစ်ယောက်တည်းသီးသန့်နေရတော့မယ်။ အကောင်းဆုံးနေ့ရက်ကို ရွေးချယ်ခဲ့တယ်။ရာသီဥတုကကောင်းပြီး အပြင်မှာလည်းအရမ်းလှပနေတယ်။

Jimin's POV

ကျွန်တော်နိုးနေပြီ။ ဖုန်းကအချိန်ကိုကြည့်လိုက်တော့ ၇:၀၀ တဲ့။ ဒီနေ့ဘာနေ့လဲဆိုတာမှတ်မိသွားတော့ မျက်လုံးပြူးသွားတယ်။ ဒီနေ့က ငါ့ဘဝမှာအချစ်ဆုံးကောင်လေးကိုလက်ထပ်ရမယ့်နေပဲ။ မြန်မြန်ထပြီး Tae ကိုနှိုးလိုက်တယ်။

"ထတော့ ထတော့ TAE ရေ ဒီနေ့က ငါတို့လက်ထပ်ရမယ့်နေ့ပဲ!"

သူလဲထခုန်ပြီးကျွန်တော့်ကိုဖက်တယ်။

"ရေး!"

Namjoon hyung ဝင်လာပြီး

"ကောင်းတယ်မင်းတို့နှစ်ယောက်နိုးနေပြီ မင်းတို့နေ့အတွက် အဆင်သင့်ပြင်ရမယ်လေ လာတော့!"

ထပြီး အသင့်ပြင်နေလိုက်တယ်။

အခုတော့ ပုံမှန် အဝတ်ပဲဝတ်ထားလိုက်တယ်။ ညမှ suits တွေဝတ်မယ်။ members တွေကအကုန်ပြင်ဆင်ထားပေးမယ်ပြောတယ်။ အပြင်ထွက်ပြီး ညမရောက်ခင် သွားလည်ကြတဲ့။ ပထမဆုံး မနက်စာသွားစားကြတယ်။ နောက်တော့မြို့ထဲကကစားကွင်းလေးထဲမှာ နာရီပိုင်းလောက် ဗိုက်ထပ်မဆာခင်ထိ နေခဲ့တယ်။ နေ့လည်စာသွားစားပြီး ရုပ်ရှင်သွားကြည့်တယ်။ အခု နေ့ခင်း ၃:၀၀ ဆိုတော့ အိမ်ပြန်ရတော့မယ်။ အိမ်ရောက်တော့ members တွေကအကုန်ပြင်ပြီးနေပြီ။ ပွဲကျင်းပမယ့်နေရာကို ကားနဲ့သွားလိုက်တယ်။

အဲ့ရောက်တော့ ကျွန်တော်နဲ့ Tae နဲ့ကိုယ်ပြင်ရမယ့်အခန်းဆီသွားပြီး အဆင်သင့်ပြင်ဖို့ပြင်ပေးမယ့်သူတွေရောက်လာတယ်။ suit ဝတ်လိုက်ပြီး stylist က မိတ်ကပ်နဲ့ဆံပင်ပြင်ပေးတယ်။အခုကျွန်တော်အပြင်ထွက်ဖို့အချိန်ရောက်ပြီး Tae လျှောက်လမ်းပေါ်လျှောက်လာမှာကို စောင့်ရမယ့်အချိန်ဖြစ်တယ်။ အပြင်ထွက်တော့ အကုန်လုံးကပျော်နေတဲ့ပုံပေါ်တယ်။အခုအချိန်ရောက်ပြီ။ သီချင်းပွင့်လာပြီး Tae လေးထွက်လာတယ်။ သူကအရမ်းချောမောပြီး သန့်ပြန့်နေတယ်။ အကုန်လုံးကတိတ်ဆိတ်နေပြီး ထိုင်နေကြတယ်။

Nothing without you :Vmin ff (u&z) ✅Where stories live. Discover now