Part 10

208 18 16
                                    

Unicode

Jimin နဲ့ Tae နဲ့ကတူတူနေရတာ ပျော်ကြတယ်။ ARMY တွေကလည်းသူတို့ကိုဘာမှမပြောသလို သူတို့ရဲ့ အလုပ်ကိုလည်းမထိခိုက်စေဘူး။

Jimin's Pov

Tae နဲ့ကျွန်တော်နဲ့ကအရမ်းပျော်ပြီး ကျွန်တော့်ဘဝတစ်သက်စာကိုသူနဲ့ပဲ ကုန်ဆုံးချင်တယ်။ ကျွန်တော်နိုးတော့ Tae လေး အပြစ်ကင်းမဲ့စွာအိပ်နေတာကိုတွေ့တယ်။ Tas မနိုးအောင် အိပ်ရာပေါ်ကနေဖြည်းဖြည်းလေးဆင်းလိုက်တယ်။ ဧည့်ခန်းထဲထွက်လာတော့ yoongi hyung မရှိတဲ့ member တွေကိုတွေ့တယ်။ yoongi hyung ကတော့အိပ်နေတုန်းပေါ့။

"အာညော် hyung တို့ ညကအိပ်ပျော်ကြရဲ့လား?"

"အင်းကောင်းပါတယ်ကွာ"

"hyung တို့ကိုပြောစရာရှိတယ်"

"ဘာလဲ? Tae နဲ့မင်းနဲ့ဘာဖြစ်လို့လဲ?" rm hyung ကပြောတယ်။

"အိုး မဟုတ်ဘူး။ Tae နဲ့ ကျွန်တော်နဲ့ကအဆင်ပြေပါတယ်။ hyung တို့ရဲ့အကူအညီလေးလိုအပ်လို့ပါ။"

သူတို့က တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး

"ဘာကိုလဲ?" Jin hyung ကမေးတယ်

"ကျွန် ကျွန်တော် Tae ကိုလက်ထပ်ခွင့်တောင်းဖို့" ကြမ်းပြင်ကိုကြည့်ရင်း ပြောလိုက်တယ်

"တကယ်လား?! ကောင်းတာပေါ့!!" Hobi hyung ကထခုန်ပြီးပြောတယ်

"အင်း ကောင်းတယ် ငါကူညီပေးရမှာပေါ့" rm hyubg ကပြောတယ်

"ကျွန်တော်တို့ဘာလုပ်ပေးရမှာလဲ?" kookie ကမေးတယ်။

"အင်း အစီအစဥ်ကဒီလို..."

yoongi hyung လဲရောက်လာပြီး Tae ကအိပ်နေသေးတော့ ပိုကောင်းတယ်။

"အဲ့တော့ အစီအစဥ်က Tae နိုးလာရင် ကျွန်တော်သူ့ကို မနက်စာလုပ်ပေးခဲ့ပြီး အရင်အပတ်က မှာထားတဲ့ လက်စွပ်ကိုသွားယူမယ် ပြီးတော့ ကျွန်တော်ပြန်လာရင်.."

"ခဏလေး.. မင်းသွားရင် ငါတို့က Tae နဲ့ဘာလုပ်ရမှာလဲ?"

"သူ အစာစားနေလိမ့်မယ်။ ကျွန်တော်မကြာပါဘူး။ ဒါပေမယ့် ကျွန်တော်မလာသေးခင် သူပြီးသွားရင်တော့ သူ့ကို အာရုံလွှဲထားလိုက်။"

Nothing without you :Vmin ff (u&z) ✅Donde viven las historias. Descúbrelo ahora