Part 11

1.3K 123 17
                                    

Unicode

မင်းကြီးရဲ့ကြင်ယာ​တော်အ​ကြောင်းက​တော့နန်းတွင်းတင်မကနန်းပြင်ထိပါသတင်း​မွှေးတာ​ကြောင့်ပြည်သူများကအစတွင်အံ့သြ​သော်လည်း ကြင်ယာ​တော်​လေးသည် မိမိတို့ချစ်ခင်ရတဲ့လူသား​လေးဖြစ်​နေတာကိုသိရ​တော့ကန့်ကွက်မဲ့သူမရှိခဲ့​ပေ။လူတစ်ချို့က ကန့်ကွက်ကြ​​သော်လည်း ဘုရင့်အမိန့်ဆိုတဲ့ စကားတစ်ခွန်း​​အောက်မှာ ဘယ်သူမှ မ​ကောင်းမ​ပြောရဲ။

လက်ဝဲအမတ်မင်းကိုလာဘ်စားမှု၊အခွန်တိုး​ကောက်မှု နဲ့ အ​ဆောင်အ​ယောင်အကုန်သိမ်းကာ ​အနှစ်၂၀ အကျဥ်း​ထောင်ထဲတွင်အများနည်းတူအလုပ်ကြမ်းလုပ်​စေသည်။

(အလုပ်ကြမ်းနဲ့​ထောင်ဒဏ် အဲ့လိုမျိုးကို​ပြောတာပါ )

ထိုနည်းတူ မိသားစု​တွေကိုပါ​အောက်​ခြေအလုပ်သမားအဆင့်သို့ထား​စေသည်။ဂါအွန်းသည်လည်းအရင်က​​ကျော့​မော့စွာနေခဲ့သမျှအခု​တော့အလုပ်ကြမ်း​တွေလုပ်​နေရ​တော့တယ်။



ဒီလိုနဲ့​ရာသီ​တွေ​ပြောင်းလဲလာသည်နှင့်အမျှမင်းကြီးနဲ့သူ့ရဲ့အသည်းအသက်​လေးတို့အချစ်ကလည်းပိုတိုးကာချစ်မြတ်နိုးကြ​လေရဲ့။ဂျီမင်ရဲ့ မြှားအတတ် နဲ့ တိုက်​ခိုက်မှုစွမ်းရည်သည် ယွန်းဂီနဲ့တန်းတူယှဥ်နိုင်​သည်အထိတိုးတတ်လာပြီဖြစ်သည်။ဂျီမင်သည်သူဖြစ်ချင်တဲ့ရည်မှန်းချက်ကိုလည်းပင်ပန်း​သော်လည််းတချက်မှမညည်းငြူပဲ ​အောင်မြင်​အောင်ကြိုးပမ်းနိုင်ခဲ့တယ်။

"က​လေးငယ်"

အခု​ရောက်​နေတဲ့​နေရာက နန်းတွင်းမဟုတ်။သိပ်ကိုလှပတဲ့တောထဲသို့​နှစ်​ယောက်တည်းရောက်​နေခြင်းပင်။ ​တော ဆိုလို့ အ​ကောင်​တွေ​ပေါမယ်မထင်ပါနဲ့။ ​ရေတံခွန်ကကျ​နေတဲ့​ရေသံ​လေးရယ် ၊ငှက်က​လေး​တွေရဲ့အသံ​တွေရယ်၊ ပန်း​​ပေါင်းစုံပွင့်​​နေတာ​ကြောင့် ကြည်နူးဖို့​ကောင်းပြီးမျက်စိ​အေးတဲ့​နေရာ​လေး​ပေါ့။စိတ်အပန်း​ဖြေဖို့အသင့်​တော်ဆုံး​နေရာဆိုလည်းမမှားပါဘူး။

​​ရေတံခွန်ကိုကြည့်​နေရင်းမှအ​နောက်မှသိုင်းဖက်လာတဲ့Min ။ခါးကိုဖက်တွယ်ထားတဲ့လက်ကိုအ​ပေါ်မှထပ်အုပ်ပြီး ရင်ခွင်​ပေါ်သို့​ခေါင်းမှီကျလိုက်တယ်။
ကိုယ်လုပ်လိုက်တဲ့အပြုအမူကိုMinကသ​ဘောတကျရယ်​လေသည်။

 Storyteller Chim [Complete]Where stories live. Discover now