Unicode
ဂျီမင်တစ်ယောက်ထုံးစံအတိုင်းပန်းခြံထဲလမ်းလျှောက်နေစဥ်အထိန်းတော်တွေရဲ့စကားတီးတိုးပြောသံကြားလိုက်ရသည်။
ဘာပြောလည်းဆိုတာစိတ်မ၀င်စားပေမယ့် လက်ထက်မယ် ဆိုတဲ့စကားကြောင့်အကွယ်တစ်နေရာမှနေနားေထာင်နေမိသည်။"ဟဲ့ ဟဲ့ မင်းကြီးက လက်ဝဲအမတ်ကြီးရဲ့သမီးကိုလက်ထက်တော့မယ်ဆို"
"အေးလေ ပြောနေတာကြားတာပဲ နေပါဦး မင်းကြီးကမိဖုရားခေါင်နေရာတောင်တင်မြှောက်မယ်ဆိုပဲ"
ထိုအခါမှနောက်တစ်ယောက်ကလည်း
"အေးဟယ် ငါကြားဖူးတာတော့အဲ့လက်၀ဲအမတ်ကြီးရဲ့သမီးကချောတယ်ဆိုပဲ။ငါကတော့ ပုံပြောကောင်းတဲ့ Chimလေးကိုပဲသဘောကျတယ်"
အကွယ်တစ်နေရာမှနားထောင်နေတဲ့ဂျီမင်မှာတော့..
*မိဖုရားခေါင်တင်မြှောက်မယ် ၊ လက်ထက်တော့မယ်၊ ငါကကော ငါကကောဘာလည်း*
မျက်ရည်တွေကျလာတာကိုလည်းမသုတ်မိတော့ ကိုယ့်ကိုထားရာအဆောင်တော်ကိုသာပြေးထွက်လာခဲ့သည်။အဆောင်တော်ရောက်မှသာစိတ်ရှိတိုင်းအော်ငိုမိတော့သည်။"မင်းကြီးကငါ့ကိုဘယ်လိုသတ်မှတ်တာလည်း၊ ငါကမင်းကြီးအတွက်ဘာလည်း ၊ ဘာလည်းလို့!!!
ဘာတွေမျှော်လင့်နေမိပြန်တာလည်း ဂျီမင်ရယ် "
စားပွဲပေါ်တင်ထားသောပစ္စည်းများကိုတွန်းချကာအော်ငိုနေမိတော့သည်။အပြင်ဘက်ကစောင့်နေတဲ့အထိန်းတော်တွေနဲ့ရဲမက်တွေကလည်းမျက်နှာမကောင်းလျက်သာရှိနေတော့သည်။
လက်၀ဲအမတ်ကြီးရဲ့အကြောင်းတွေကိုလူလွှတ်ကာစုံစမ်းခိုင်းထားတာကြောင့် ထိုသူနဲ့စကားပြောနေစဥ် အလောတကြီး၀င်လာတဲ့ဂျီမင် သက်တော်စောင့်ကြောင့်ပြောလက်စ စကားများရပ်သွားခဲ့တော့သည်။
"မင်းကြီး ကျွန်တော်မျိုး အခုလိုအလာတကြီး၀င်လာမိတာကြောင့်ခွင့်လွှတ်တော်မူပါ။မင်းကြီးရဲ့Chimလေးအဆောင်တော်မှာငိုနေပါတယ်။"
YOU ARE READING
Storyteller Chim [Complete]
Fanfic"Just a story " -Yoongi -Jimin(Chim) Unicode + Zawgyi✔ Photos are crd respectfully ♡