Part 15

1K 122 32
                                    

Unicode

တရုတ်မင်းကြီးရဲ့ချစ်ကြည်​ရေးခရီးစဥ်က​တော့တစ်ပတ်ခန့်မျှ​နေပြီးသည့်အခါ ပြန်သွား​တော့သည်။ တစ်ပတ်အတွင်းမှာလည်း ​
ကုန်သွယ်​ရေး​တွေအ​ကြောင်းကိုပို​ဆွေး​နွေးဖြစ်ခဲ့တယ်။ထို့အပြင်သိပ်ကိုလိုက်ဖက်ပြီး​တော်လွန်းတဲ့​မောင်နဲ့ကျွန်​တော့်ကို တရုတ်မင်းကြီးက လက်​ဆောင်အဖြစ် လက်စွပ်​လေး နှစ်ကွင်း ကို​ပေးခဲ့တယ်။ ထိုလက်စွပ်​လေးက အစီအရင်လုပ်ထားတဲ့လက်စွပ်​လေးပင်။ အန္တာရယ်​တွေကိုကာကွယ်​ပေးတယ် တဲ့​လေ။ ​

အခုလည်း အမတ်မင်း​တွေကတင်ပြ​လျှောက်ထားတဲ့စာလွှာ​တွေကိုဖတ်​နေတဲ့​မောင်။
​မောင်ကမျက်​မှောင်ကြုံ​နေတာ​ကြောင့်တစ်ခုခုကိုအလိုမကျဖြစ်​နေဟန်။ ဒါ​ပေမယ့်ကိုယ့်မျက်စိထဲတွင် ​ကြောင်​ပေါက်က​လေးအတိုင်းပင်။ သ​ဘောတကျရီကာ  ​​မောင်ရှိရာသို့သွားပြီး ​စာဖတ်​နေတဲ့​မောင့်ရင်ခွင်ထဲတိုးဝင်လိုက်တယ်။

"အိုက်ဂူး..​မောင့်က​လေးငယ်ကချွဲတတ်လိုက်တာကွာ"

ရင်ခွင်ထဲက​နေ လည်ပင်းကိုဖက်ပြီး​မောင့်ကိုယ်သင်းနံ့​လေးကိုရူ​နေမိတယ်။ ​မောင့်ကိုနှိပ်​ပေးဖို့ထ​တော့ ခါးကိုအတင်းဖက်ထား​လေပြန်တယ်။

"​မောင် ခဏလွှတ် နှိပ်​ပေးမယ်။"

"မနှိပ်ပါနဲ့ ​​မောင့်က​လေးငယ်လက်​လေး​တွေနာလိမ့်မယ်။"

လက်​လေးကိုယူကာ​ပြောပြီးစကားအဆုံးလက်ကိုနမ်းလိုက်တဲ့​မောင်။

"ဟာဗျာ ​မောင်က​တော့ပိုပီ။"

"မပိုပါဘူး လို​တောင်လို​သေးတာ ကိုယ့်အသက်ရ"

ဂျီမင်လည်းမျက်လုံး​လေး​တွေပိတ်သည်အထိသ​ဘောကျကာ

"ဟုတ်လားကွ "

ယွန်ဂီကလည်း က​လေးငယ်ကိုပြန်စ​လေသည်။

"ဟုတ်တယ်ကွ။"

"ချစ်လားဗျ။"

"ချစ်တယ်ဗျ။"

နှစ်​ယောက်လုံးအားရပါးရလွတ်လပ်စွာရယ်​မော​နေကြတာ​
ကြောင့်အပြင်ကအထိန်း​တော်​တွေကလည်း သ​ဘော​တွေကျ​နေပြန်တယ်။ သူတို့ရဲ့မင်းကြီးနဲ့မိဖုရား အချစ်ကတကယ်ကိုဖြူစင်ပြီးအားကျစရာ​ကောင်းလှ​တယ် မဟုတ်ပါလား။

 Storyteller Chim [Complete]Where stories live. Discover now