Missing you ...( Part 4 )
" ဝူးး ကျွီ ..."
ဆိုင်အရှေ့ကို ကားစက်သံပြင်းပြင်း
ဘရိတ်သံကျယ်ကျယ်လောင်လောင်နဲ့
ထိုးရပ်လိုက်တဲ့ ကားသံကြောင့်
Lhong အပြင်ဘက်ကို ထွက်ကြည့်
လိုက်မိတယ် .." MEW "
" Lhong မင်း ဝန်ထမ်းတွေထဲမှာ
Gulf ဆိုတာ ရှိတယ်မလား "အစမရှိ မေးလိုက်တဲ့ MEW စကားကို Lhongကြောင်အမ်းအမ်း ဖြစ်သွားတယ် ..
" Gulf Kanawut ဆိုတဲ့ ဝန်ထမ်း
ရှိလားလို့ မေးနေတာ "" သူ အလုပ်ထွက်သွားပြီ "
" ဘာ ဘယ်လို ဘယ်တုန်းကလဲ "
" မနက်ကပဲ သူ အလုပ်နားတော့မယ်ဆိုတာ
ပြောပြီး သူ့ပစ္စည်းတွေ သိမ်းဆည်း
သွားတာပဲ "" ဟာကွာ !! တောက် ..
အသဲအသန် MEW ဘာတွေဖြစ်လာတာလဲ
" MEW ဘာဖြစ်လို့လည်း "
" Lhong မင်း သူ့ အိမ်လိပ်စာ သိလား "
" ငါက သူတို့ ID လောက်ပဲ ယူထားတာ ..
သူ့လုပ်ဖော်ကိုင်ဖက်တွေများ သိမလား
မသိဘူးနေအုန်း ငါ မေးကြည့်လိုက်မယ် "No ကို ခေါ်ပြီး MEW တို့
မေးကြည့်လိုက်မိတယ်" ကျတော်လည်း သိပ်မသိဘူး
.... မြို့နယ် နားမှာနေတယ်လို့တော့
Gulf ပြောဘူးတယ် .. "No ပြောတဲ့ နေရာကိုတော့ MEW လည်း
သိတာပေါ့ ..ဟိုတခါ သူတို့ညီအစ်ကိုကိုတောင်
သူ လိုက်ပို့ခဲ့သေးတာ .." ကျေးဇူးပဲနော် "
" Lhong ငါ သွားမယ် နောက်မှ ပြောမယ် "
MEW သူ့ကားကို ဆိုင်ရှေ့ကနေ
ပြန်မောင်းထွက်လာခဲ့တော့တယ် ..Gulf နဲ့ ဘာကိစ္စတွေများ ရှိလို့ ဒီလောက်
ဖြစ်နေရတာလည်း ..
Gulf အလုပ်ထွက်တာ No လည်း ဒီနေ့မှ
သိရတာ
ဘာဖြစ်လဲ မေးတော့လည်း Gulf က ဘာမှ
တိတိကျကျ သူ့ကို ပြောတာမဟုတ်တော့ ..
No လည်း ဘာဆို ဘာမှ မသိတယ် .အခု သူတို့ဆိုင်သူဌေးရဲ့ သူငယ်ချင်းပုံစံကို
ကြည့်ရတာ Gulf နဲ့ ဇာတ်လမ်းတခုခုတော့
ရှိလောက်တဲ့ ပုံစံမျိုး
Gulf ကို သာမန် လာမေးတာမျိုးမဟုတ်ပဲ
မတွေ့မဖြစ်ကို တွေ့ချင်နေတဲ့ပုံစံမျိုး ..
YOU ARE READING
missing you
Fanfictionယူစေချင်လို့ ဝယ်ပေးတယ် ယူပြန်တော့လည်း စိတ်ထဲမှာ သံသယဖြစ်တယ် MEW Suppasit ကိုယ့်ကို ဘာသဘောအဓိပ္ပာယ်နဲ့ပေးမှန်းမသိတာကို သဘောကျတဲ့ ကောင်လေးမဟုတ်တော့ဘူး Gulf Kanawut