Missing you ...( END)
Grand palace ဆိုတဲ့ ဟိုတယ်ကြီးရဲ့
အခန်းတခုထဲမှာ Gulf နဲ့ MEW တို့
ရောက်နေကြတယ် .
ဒီနေ့ကတော့ MEW Suppasit ဆိုတဲ့ သူနဲ့
Gulf Kanawut ဆိုတဲ့ သူရဲ့
ဘဝလက်တွဲဖော် ဂဟေဆက် လက်ထပ်ပွဲ ကျင်းပတဲ့နေ့ ဖြစ်တော့တယ် ..
" ဟိုလေ အစ်မ အဲဒါတွေ ကျတော်
မလိမ်းလို့မရဘူးလား "
သူ့မျက်နှာကို မိတ်ကပ်ပြင်ပေးတဲ့ အစ်မပဲ
ခေါ်ရမလား ဒါမှမဟုတ် အကိုပဲခါ်ရမလား
မသိ
သူ့မျက်နှာ မိတ်ကပ်လိမ်းပေးနေတာကို
Gulf စိတ်ညစ်နေတော့တယ် ..
" ဟယ် ! ဘယ်ရမလဲ မောင်လေးရဲ့
ဒီလို ဟိုတယ်ကြီးမှာ ဒီလို ခမ်းခမ်းနားနား လက်ထပ်ပွဲ လုပ်မှာဆိုတော့..
သတိုသားတွေကလည်း အခန့်ညားဆုံး
ဖြစ်နေရမှာပေါ့ မဟုတ်ဘူးလား "
Gulf ဖြစ်နေတံ့ ပုံစံကိုကြည့်ပြီး
MEW ရယ်လိုက်မိတယ် ..
ဒီဟိုတယ်ကြီးမှာ လက်ထပ်ပွဲကျင်းပချင်တဲ့
သူရဲ့ ဆန္ဒ ဒါကို Gulf က မငြင်းပဲ လိုက်လျောပေးခဲ့တာကို MEW အံ့ဩ
သွားမိတယ် ..
" မင်းတို့ဘက်က အသိုင်းအဝိုင်း
ဧည့်သည်တွေများတယ်လေ ..
ဘယ်လိုပဲ ဖြစ်ဖြစ် မိဘတွေရဲ့ ဂုဏ်သိက္ခာက
ရှိသေးတယ်မဟုတ်လား MEW ..
ပြီးတော့ မင်းကိုလည်း ပျော်စေချင်တယ် .. "
" ငါ့ကို ပျော်စေချင်တယ်ဆိုတော့
မင်းကရောမပျော်ဘူးလား Gulf "
" ကြည့် မင်းကတော့လေ
ပျော်လို့ မင်းနဲ့အတူတူနေချင်လို့
လက်ထပ်ဖို့ ခေါင်းညိတ်ခဲ့တာလေ "
" မဟုတ်ဘူး ငါ့သဘောအတိုင်းပဲ
မင်းလိုက်လုပ်နေရတာမျိုး ငါမလိုချင်လို့ "
" MEW မင်းကိုငါသိပ်ချစ်တယ် ..
မင်းကို ငါ ပြောဖူးခဲ့လားတော့မသိဘူး ..
ဟိုးအရင် မင်းငါ့ကို လက်ဆောင်တွေ
ဝယ်ပေးတဲ့အချိန်ထဲက ငါချစ်နေခဲ့တာ ..
ငါတို့ ကာလတခုလောက်
ဝေးသွားကြပေမယ့် မင်းက
ငါ့ နှလုံးသားထဲမှာ ရှိနေခဲ့တာ .. "
" ငါ ပြောချင်တယ်ဆိုတာ
မင်းသဘောပေါက်လား "
" ကျေးဇူးတင်တယ်ဆိုတဲ့ စကားတော့
မပြောတော့ဘူးနော် Gulf ..
ကျေးဇူးဆိုတာနဲ့ မလုံလောက်လို့ "
YOU ARE READING
missing you
Fanfictionယူစေချင်လို့ ဝယ်ပေးတယ် ယူပြန်တော့လည်း စိတ်ထဲမှာ သံသယဖြစ်တယ် MEW Suppasit ကိုယ့်ကို ဘာသဘောအဓိပ္ပာယ်နဲ့ပေးမှန်းမသိတာကို သဘောကျတဲ့ ကောင်လေးမဟုတ်တော့ဘူး Gulf Kanawut
