Missing you (Part 5)

661 47 2
                                    

Missing you ...( Part 5 )

** ဆယ်နှစ်ခန့်ကြာသော် **

" Gulf ပစ္စည်းတွေ အကုန်တင်ပြီးပြီနော် "

အိမ်ပြောင်းရွေ့ကားပေါ် ပစ္စည်းတွေ
တင်နေတဲ့Gulf ကို No လှမ်းမေးလိုက်တယ်

" အင်း ဒီ စာပွဲခုံတင်ပြီးရင် ပြီးပြီ ..
မင်းကလည်း ငါတို့ဘာသာ လုပ်လို့ရပါတယ်
ဆိုတာကို သက်သက်ပင်ပန်းရအောင်လို့  . 
အိမ်မှာ ပစ္စည်းကဒီလောက်များတာမှ
မဟုတ်တာ

Gulf တို့ နေနေတဲ့ အိမ်လေးကနေ
ဒီနေ့  တခြားတနေရာကို အိမ်ပြောင်းရွေ့
ခဲ့ကြတယ် ..

Gulfတို့ နေ‌ နေခဲ့တဲ့  ရပ်ကွက်လေးကို နိုင်ငံခြားကုမ္ပဏီကြီးတခုကနေ
စက်ရုံဆောက်ဖို့ အတွက်ဆိုပြီး
လာဝယ်ခဲ့တယ် ..
ရပ်ကွက်မှာ ရှိနေတဲ့ အိမ်လေးတွေကို အဲဒီကုမ္ပဏီကပဲ ‌သူတို့ အိမ်ခြံနဲ့ ညီမျှတဲ့
တန်ဖိုးထက်ပိုတဲ့ ငွေကြေးကို အစားထိုး 
ပြန်ပေးခဲ့ကြတယ် .

အဲဒီအထဲမှာ Gulf တို့လည်း 
မနည်းတဲ့ ပမာဏာရခဲ့လိုက်ကြတယ် ..

အဲဒီအကြောင်း No သိသွားတော့ သူတို့
လမ်းထဲမှာ  အိမ်လေးတလုံး ရောင်းဖို့
ရှိတယ်လို့Gulf တို့ကို လိုက်ပြပေးခဲ့တယ် ..

အိမ်လေးက ပျဉ်ထောင်တစ်ထပ်
ခြေတံရှည်အိမ်လေး  အသင့်အတင့် ကျယ်ဝန်းတဲ့ခြံဝန်လေးလည်း ပါတော့
Gulf တို့ သဘောကျခဲ့ကြတယ် ..
ဒါပေမယ့် တန်ဖို့က သူ့တို့တတ်နိုင်တာထက်
များနေတော့ Gulf တို့  စဉ်းစားခဲ့ကြတယ် ..

" မင်းတို့ သဘောကျတယ်ဆိုရင် တဝက်ပဲ
အရင်ပေး တဝက်ကို အရစ်ကျပေးပေါ့ "

ဆယ်နှစ်တာဆိုတဲ့ အချိန်ကို
ရောက်လာတော့Gulf လည်း သူတို့
အလုပ်ထဲမှာ  ဌာနတခုရဲ့ ခေါင်းဆာင်
အဖြစ်ကို ရာထူးတိုးလာခဲ့တယ် ..
ရာထူးတိုးလာတာနဲ့ အတူ Gulf လစာလည်း
ကောင်းကောင်းရလာခဲ့တယ် ..

ပြီးတော့ Tar ကလည်း ကျောင်းပြီး
ဘွဲ့ရတာနဲ့ အင်ဂျင်နီယာကုမ္ပဏီကြီး တခုမှာ ဒီဇိုင်း ပုံဆွဲနဲ့ အလုပ်ရသွားခဲ့တယ် ..

Gulf တို့ နှစ်ယောက်လုံး အလုပ်အကိုင် ကိုယ်စီနဲ့ဖြစ်လာကြတော့ အစ်မဖြစ်သူ
ခွန်မိုင်ကို ဘာအလုပ်မှ မလုပ်ခိုင်းတော့ပဲ
အိမ်မှာပဲ  အေးဆေး နေခိုင်းခဲ့တော့တယ် ..

missing youWhere stories live. Discover now