Missing you ...( Part 11)
" Gulf အားလုံး စုံပြီနော် "
" အင်း MEW ရပြီ သွားစို့ "
တစ်ရက်နှစ်ရက်လောက် ကြာတော့
ဒီနေ့ Gulf ဆေးရုံက ဆင်းခွင့်ရခဲ့တယ် ..လက်တဖက်က Gulf ကို ဆွဲပြီး
လက်တဖက်က Gulf ရဲ့ ပစ္စည်းပစ္စယာတွေ ထည့်ထားတဲ့ အိတ်လေးကို MEW ကိုင်ပြီး ဆေးရုံက ထွက်လာခဲ့ကြတယ် .." MEW အိမ်ရောက်ရင် ငါ ဒီလိုဖြစ်တာ
အစ်မကို ပြောမနေပါနဲ့နော် "" အင်း ဒီအကြောင်းမပြောပါဘူး "
MEWစကားက ဘာပါလိမ့်
ဒီအကြောင်းတော့ မပြောဘူးဆိုတော့
သူ ဘာအကြောင်းများ
ပြောမလို့ပါလိမ့် .. MEW ကို ကြည့်ပြီး
Gulf အတွေးများသွားတယ်Gulf တို့ အိမ်ရောက်တာနဲ့ MEW တို့
ခပ်တည်တည် နေလိုက်ကြတယ် .." ဟော MEW ဘယ်ကနေဘယ်လို
Gulfနဲ့ တွေ့လာတာလည်း "အတူတူ အိမ်ထဲဝင်လာကြတဲ့ သူတို့
နှစ်ယောက်ကို ခွန်မိုင် လှမ်းမေးလိုက်တယ် .." သူ့အလုပ်ကို ကျတော်လိုက်သွားလို့အစ်မ"
MEW ကပဲ အရင်ဦးအောင်
ပြောလိုက်တယ် .." အဲလိုမှပဲ ဖြစ်မှာ Gulf အိမ်ပြန်မလာတာ
ကြာနေပြီလေ အလုပ်မှာပဲ ရှိနေတာ ..
အခုရော အလုပ်ပြန်သွားရမှာလား Gulf "" မသွားရဘူး အစ်မ ကျတော် နားမလို့ "
" အစ်မခွန်မိုင် ကျတော် Gulfကို
လက်ထပ်ချင်လို့ခွင့်ပြုပေးပါ "" ဟေ !! ! "
အိမ်ထဲ Gulf နဲ့ အတူတူ ဝင်လာပြီး ရုတ်တရက် MEW ပြောလိုက်တဲ့
စကားကြောင့် ခွန်မိုင် အံ့အားသင့်ပြီး
ဟေ ! ဆိုတဲ့ စကားတစ်လုံးသာ ဆိုနိုင်
တော့တယ် ..ဆေးရုံကဆင်းလာပေမယ့် သွင်းထားတဲ့
ဆေးအရှိန်နဲ့ဆိုတော့ Gulf ပြန်ပြီး
အိပ်ငိုက်နေတာ ..
MEW ပြောလိုက်တဲ့စကားကြောင့်
အိပ်ငိုက်နေတဲ့စိတ်တောင် လန့်ဖြန့်
သွားတော့တယ် .." MEW "
" ဟုတ်တယ် Gulf ငါတို့ လက်ထပ်ရအောင်
ဒီထက် အချိန်တွေ ထပ်မဆွဲချင်တော့ဘူး ..
အိမ်လည်း ပြီးသလောက် ဖြစ်နေပြီဆိုတော့
ငါတို့ လက်ထပ်ပြီးတာနဲ့ အတော်ပဲ ဖြစ်မှာပါ
YOU ARE READING
missing you
Fiksi Penggemarယူစေချင်လို့ ဝယ်ပေးတယ် ယူပြန်တော့လည်း စိတ်ထဲမှာ သံသယဖြစ်တယ် MEW Suppasit ကိုယ့်ကို ဘာသဘောအဓိပ္ပာယ်နဲ့ပေးမှန်းမသိတာကို သဘောကျတဲ့ ကောင်လေးမဟုတ်တော့ဘူး Gulf Kanawut