(Unicode)
နွေဦးရာသီ၏ အေးမြမှုနှင့်အတူ အပြင်ဘက်တွင်မိုးအနည်းငယ်ရွာခဲ့သည်။ လေသည် မြက်ရနံ့လေးများ နှင့်ပြည့်နေပြီး ထိုမိသားစုဗီလာသည် ချစ်စရာကောင်းသည့်အိမ်လေးဖြစ်သည်။အိပ်ယာဘေးတွင်လက်သုတ်ပုဝါ၊ အဖုံးသုံးခုနှင့်ရှုပ်ထွေးနေသော ကြမ်းပြင်ပေါ်ပြန့်ကျဲနေသောအဝတ်အစားများရှိလေသည်။ မတူကွဲပြားသောကိုယ်ခန္ဓာအမျိုးမျိုးရှိသည့် အမျိုးသားနှစ်ဦးက ပွေ့ဖက်ပြီးအိပ်နေကြသည်။ ထိုသူတို့တွင်ပိန်ပါးသောလူကိုမတူညီသော အနီအမှတ်များဖြင့်ဖုံးအုပ်ထားသည်။ သူ၏ပုခုံးတစ်ဝက်လောက်ထိ အနီရောင်သွားရာများပြည့်နှက်နေသည်။ သူသည်အိပ်မက်မက်နေသကဲ့သို့ ရှည်သွယ်သောလူသား၏ ပခုံးကိုပွတ်သပ်လိုက်သည်။
ချန်ဟွိုင် သည် ကျန်းယွင် ကိုသူ၏လက်မောင်းထဲတွင် ရစ်ပတ်ထားလိုက်သည်။ Apple ရဲ့ default alarm ကဒီအလှကိုရုတ်တရက်ချိုးဖျက်လိုက်တယ်။ ဒါက ချန်ဟွိုင်ရဲ့ နေ့စဉ်နေ့တိုင်း ထုရိုက်မရနိုင်တဲ့အသံပဲ။ သူကသူ့မျက်လုံးတွေကိုပိတ်လျက်သား ဖုန်းကိုဖွင့်ပြီးအသံပိတ်လိုက်သည်။
သူ့လက်တွေထဲမှာ အိပ်ပျော်နေသောလူကို ကြည့်လိုက်ပြီး ချန်ဟွိုင်က ကျန်းယွင်၏နှုတ်ခမ်းကို ခပ်ဖွဖွလေးနမ်းလိုက်သည်။ မူလခြောက်သွေ့သောနှုတ်ခမ်းကို ချန်ဟွိုင်၏အနမ်းဖြင့်စိုစွတ်စေပြီး ထိုအရာကအလွန်အရသာရှိလှပေ၏။
ချန်ဟွိုင်သူ့ကိုလွှတ်လိုက်တဲ့အချိန်မှာ သူကလက်မောင်းကိုလာကိုင်ပြီး
"ချန်ဟွိုင်... "
ကျန်းယွင်သည် အနည်းငယ်အိပ်မောကျနေပြီး ချန်ဟွိုင်၏လက်မောင်းကို မသိမသာဖက်လိုက်သည်။
"ကျန်းကျန်း၊ ကိုယ်ဒီနေ့လေယာဉ်ကွင်းသွားရဦးမယ်"
ချန်ဟွိုင်ကခေါင်းကိုငုံ့လိုက်ပြီး ကျန်းယွင်ရဲ့နဖူးကိုလှမ်းနမ်းလိုက်တော့ သူကလက်မောင်းပေါ်မှာဆက်မှေးနေလေတယ်။
"ငါလိုက်ပို့မယ်..."
ကျန်းယွင်ကမျက်လုံးကိုပွတ်သပ်ကာ ချန်ဟွိုင်ရဲ့လည်ပင်းကိုလှမ်းဖက်လာပြီး အကောင်ပေါက်လေးလို ချန်ဟွိုင်၏ခါးကိုလည်းဖက်ထားလိုက်သည်။
YOU ARE READING
ဒုတိယအချစ်(ဒုတိယအခ်စ္) 【MM Translation】 (Completed)
Любовные романы(Unicode) အိမ်ထောင်သက်၃နှစ်ရှိနေပြီဖြစ်တဲ့ကြင်နာတက်ပြီး ချစ်သူအပေါ်နူးညံ့သိမ်မွေ့တဲ့ Gong(seme) နှင့် အမြင်အာရုံချို့တဲ့ တဲ့Shou(uke) , Story Background:: လိင်တူလက်ထပ်ထိမ်းမြားခြင်းကို တရားဝင် ခွင့်ပြုထားသည် Shou ကGong ထက်၂နှစ်ကြီးပြီး ပျော်ရွှင်ကြ...