(10)

1.9K 242 1
                                    

(Unicode)
ကျန်းယွင်သည် သူ၏ဦးခေါင်းကိုစောင်ဖြင့်ခြုံလိုက်ပြီး သူ၏ပါးလွှာနေသော ပါးပြင်လေးကိုဖုံးအုပ်ထားလိုက်သည်။

ကျန်းယွင်အိပ်မောကျသွားသောအခါ သူအနားတွင်ရှိသောအိပ်ရာသည် အနည်းငယ်နစ်မြုပ်သွားပြီး နွေးထွေးသောလက်တစ်စုံက သူ၏ခါးကိုသိုင်းဖက်လာလေသည်။ ချန်ဟွိုင်က ကျန်းယွင်ကိုကျောဘက်မှဆွဲလှည့်ကာ မျက်နှာချင်းဆိုင်ပွေ့ဖက်လိုက်သည်။ ကျန်းယွင်သည်လည်း ပုံမှန်ကဲ့သို့ချန်ဟွိုင်ကို နာခံမှုရှိရှိဖြင့်ပခုံးပေါ်ခေါင်းတင်ပြီး ဖက်လိုက်လေသည်။

ကိုယ်မင်းကိုစောင့်နေမယ်။ ဒီနေ့လိုမျိုး ဘယ်တော့မှမထားခဲ့ဘူး"

____________

ပိတ်ကျဲစကိုဖယ်ဖို့နေ့သို့ ရောက်လာလေသည်။ ကျန်းယွင်သည်အိပ်ရာဘေးတွင်ထိုင်နေပြီး ချန်ဟွိုင်နှင့်နှိုင်းယှဉ်လျှင် ပို၍ရှက်ကိုးရှက်ကန်း ဖြစ်နေဟန်ရှိလေသည်။ သူသည် ကျန်းယွင်၏ဘေးတွင်ရပ်ပြီး ကျန်းယွင်၏ လက်ချောင်းလေးများကို လျှို့ဝှက်စွာဖျစ်ညှစ်လိုက်လေသည်။

ထိုပိတ်ကျဲစက စက်ဝိုင်းကဲ့သို့လှည့်ပတ်နေသည်နှင့် တပြိုင်နက် ချန်ဟွိုင်၏ နှလုံးသားမှာလည်း တဖြည်းဖြည်း တင်းကျပ်လာလေသည်။

ကျန်းယွင်သည် အလင်းကိုကြာမြင့်စွာ မမြင်တွေ့ရသေးသောသူ၏မျက်လုံးများသည် အနည်းငယ်ခြောက်သွေ့နေသည်ဟုပင် ခံစားခဲ့ရသည်။ သူ၏မ်က္လုံးမ်ားကို မှိတ်တုတ်မှိတ်တုတ်ပြုလုပ်လိုက်သော်လည်း မြူခိုးများဖုံးလွှမ်းနေသကဲ့သို့ဖြစ်နေပုံရသည်။ သူသည် အလင်းမှိန်မှိန်လေးကို ခံစားရရုံသာရှိသေးသည်။ သို့သော်လည်း ထိုအလင်းလေးက သူ့ကိုကြောက်ရွံ့စေရန် လုံလောက်ပေသည်။

သူရှင်းရှင်းလင်းလင်းမြင်ချင်တဲ့လူက သူ့အနားမှာရှိနေလေ၏။ ကျန်းယွင်သည် သူ့မျက်လုံးတွေမှေးကျဉ်းလိုက်ပြီး ပိုပြီးရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့ ရုန်းကန်နေရလေသည်။

ချန်ဟွိုင်က ထိုအရာကိုသိပြီး ကျန်းယွင်၏လက်ကိုဆွဲယူက ဖျစ်ညစ်လိုက်ပြီး "ဖြည်းဖြည်းလုပ်မှပေါ့ကွာ" ဟုပြောလိုက်လေသည်။

ဒုတိယအချစ်(ဒုတိယအခ်စ္) 【MM Translation】 (Completed)Where stories live. Discover now