(5)

2.1K 282 2
                                    

(Unicode)
"ကိုယ်နောက်မှနေ့လည်စာစားတော့မယ်...
မင်းကိုအရင်စားမယ်"

ချန်ဟွိုင်ကလက်ကိုဆုပ်ကိုင်ထားရင်း ကျန်းယွင်ရဲ့ ကုတ်အင်္ကျီကိုလက်နဲ့ဆုပ်ပြီး နီရဲနေသောချယ်ရီသီးတွေကို လက်ချောင်းတွေနဲ့ညင်ညင်သာသာ ပွတ်သပ်ရင်း ချန်ဟွိုင်ကပြောလိုက်သည်။

"ငါတို့အခန်းရဲ့အသံကာကွယ်နိုင်တဲ့အရာကသိပ်မကောင်းဘူး၊ ဒါ ... ကောင်းမှာပါ"

ချန်ဟွိုင်ကပြုံးလိုက်ပြီး ကျန်းယွင်ရဲ့အာဒံသီးကိုခပ်ဖွဖွကိုက်လိုက်ရင်း သူ့အောက်မှာရှိတဲ့ ကျန်းယွင်ရဲ့ခန္ဓာကိုယ်ထဲ ဖြည်းဖြည်းချင်းတိုးဝင်လိုက်သည်။

"အမ်း ~အ့ ... "

ရလဒ်အနေဖြင့် ကျန်းယွင်သည် နေ့လည်စာစားသွားရန် ပင်ပန်းလွန်းသဖြင့် ချန်ဟွိုင်က အိပ်ရာပေါ်သို့သယ်ဆောင်လာရသည်။ ကျန်းယွင်မှာ စောင်ဖြင့်တစ်ကိုယ်လုံးဖုံးအုပ်ထားပြီး သူ့ခေါင်းသေးသေးလေးကို အပြင်ထုတ်ကာ ဒေါသအပြည့်ဖြင့် ချန်ဟွိုင်ဘက်သို့မျက်နှာမူလိုက်သည်။

ချန်ဟွိုင်က ကျန်းယွင်၏နှာခေါင်းထိပ်လေးကို နမ်းလိုက်ပြီး " ကိုယ့်ကိုနောက်တစ်ခေါက်ထပ်ကြည့်ဦး၊ မင်းမနက်ဖြန်မှတ်မိမှာမဟုတ်ဘူး"

"..." ကျန်းယွင်၏မျက်နှာသည်အေးခဲသွားပြီး နောက်သို့လှည့်၍ ချန်ဟွိုင်ဘက်သို့လှည့်လာလေ၏။

အပြင်ဘက်မှ ကျန်းယွင်၏အဖေက တံခါးကိုခေါက်ပြီး ကလေးနှစ်ယောက်အား နေ့လည်စာစားရန်တိုက်တွန်းခဲ့သည်။ ချန်ဟွိုင်သည် ကျန်းယွင်ကို စောင်ဖြင့်ဖုံးကာ အခန်းထဲမှထွက်လိုက်ပြီး " ဦးလေး၊ ကျန်းကျန်းက နည်းနည်းမသက်မသာဖြစ်နေလို့ ကျွန်တော် အစားအစာကိုအခန်းထဲယူပြီး သူနဲ့အတူစားလိုက်ပါ့မယ်"

မိခင်ကျန်းသည် အဲ့ဒါကိုကြားသောအခါ သူမကမီးဖိုချောင်မှ အလျင်အမြန်ထွက်လာကာ "အဆင်ပြေပါတယ်။ သူ့ကိုတစ်ယောက်တည်းထားခဲ့လေ ရှောင်ချန် မင်းကအိမ်ကိုတစ်ခါတလေ လာဖို့မရှိသလောက်ပဲ။ စားပွဲမှာအတူမစားရတာ ရယ်စရာတော့မဟုတ်ပါဘူး။ ရှောင်ယွင်က ပရမ်းပတာနဲ့ကွယ်။ သူမနက်တုန်းက ခုန်ပေါက်နေသေးတယ်။ မင်းကပြန်လာတဲ့အခါ သူနေမကောင်းဖြစ်နေတယ်။ ငါသူ့ကို ဘယ်လိုလုပ်ရပါ့"

ဒုတိယအချစ်(ဒုတိယအခ်စ္) 【MM Translation】 (Completed)Where stories live. Discover now