(6)

1.9K 274 7
                                    

(Unicode)
"ငါအခုအရမ်းပျော်တယ်..."ကျန်းယွင်ကတိတ်ဆိတ်စွာပြောကြားလိုက်သည်။

"... " ချန်ဟွိုင်၏နှလုံးသားသည် ရုတ်တရက် မြန်လာခဲ့လေသည်။

ထို့ကြောင့်ကျန်းယွင်က"ငါ့ကိုမကြာခဏနမ်းပါ" ဟုပြောပြီး ချန်ဟွိုင်၏မျက်နှာကိုနမ်းရန် အစပြုခဲ့သည်။

ချက်ချင်းပဲ ချန်ဟွိုင်ကသူ့ကိုယ်သူအနိုင်ကျင့်ပြီး ကျန်းယွင်ရဲ့ခန္ဓာကိုယ်ပေါ်ကိုဖိလိုက်သည်။

သူတို့ကသူတို့နားထဲမှာ ပင်လယ်ရေအသံနှင့်အတူကမ်းရိုးတန်းတစ်လျှောက် လက်ကိုကိုင်ပြီးတိတ်ဆိတ်စွာ လျှောက်လှမ်းခဲ့လေသည်။ ကျန်းယွင်သည်အခါအားလျော်စွာ ချန်ဟွိုင်၏ပခုံးပေါ်တွင် သူ့ခေါင်းကိုမှီထားပြီး အနားယူနေလေသည်။

"မင်းငါ့ကိုစိတ်ပူစရာမလိုပါဘူး။ " လို့ကျန်းယွင်ကပြောလာသည်။

"မဟုတ်ပါဘူး ...... "

"ခွဲစိတ်တာအောင်မြင်မယ်လို့ ငါယုံကြည်တယ်..." ကျန်းယွင်က ခေါင်းထောင်ကြည့်လာပြီး သူ့မျက်နှာမှာသံယောဇဥ်အပြည့်နှင့် " ငါဆုတောင်းတာကို ဘုရားသခင်ကသာ နားထောင်နေမယ်ဆိုရင် မင်းရဲ့မျက်နှာကို ငါရှင်းရှင်းလင်းလင်း မြင်ချင်တာကို သူသိလိမ့်မယ်"

ကျန်းယွင်သည် ယခုဘဝသာမက နောင်ဘဝကိုလည်းချန်ဟွိုင်နှင့်အတူနေထိုင်လိုသည်။

နိုင်ဟယ်တံတားအကြောင်းကြားတဲ့အခါ ငါMengpo Tangကိုသောက်ပြီး ငါ့ဘဝရှိအရာအားလုံးကိုမေ့သွားလိမ့်မယ်။ အနည်းဆုံးတော့ဒီဘ၀မှာ ကျန်းယွင်ဟာ ချန်ဟွိုင်ရဲ့အသွင်အပြင်ကို အခိုင်အမာမှတ်မိနေရမယ်။

_________________

ခွဲစိတ်ကုသမှုမပြုမီ ချန်ဟွိုင်သည် ကျန်းယွင်၏လက်ကိုကိုင်ထားပြီး "ကိုယ်မင်းနဲ့အတူလိုက်ခဲ့ဖို့ တကယ်မလိုအပ်ဘူးလား?..." ချန်ဟွိုင်သည် ယူကေရောက်သည့်နေ့မှစ၍ ဤမေးခွန်းကိုသာမေးနေလေတော့သည်။

"မလိုဘူး..." ကျန်းယွင်သည် ချန်ဟွိုင်ထက်ပို၍ အေးဆေးနေလေ၏။ ထိုစဥ် ဆရာ၀န်က "အခုအချိန်မှာ မေ့ဆေးပေးရတော့မယ်။ အပြင်ဘက်ကနေသာစောင့်ပါ" ဟုပြောလာလေသည်။ ကျန်းယွင်သည် ချန်ဟွိုင်ကို ညင်ညင်သာသာပြုံးပြလိုက်သည်။

ဒုတိယအချစ်(ဒုတိယအခ်စ္) 【MM Translation】 (Completed)Where stories live. Discover now