အပိုင်း(၁)Unicode

2.9K 113 24
                                    

ဒုန်း ...

"အား ... ကိုကိုရေ"

နောင်လေး အော်သံကြောင့် ​လုပ်လက်စ အလုပ်များ ဘေးချ၍ စာ​ကြည့်ခန်းထဲမှ ပြေးထွက်လာခဲ့သည်။

'ဘာဖြစ်တာလဲနောင်လေး'

'ခြေချော်ပြီး လဲသွားလို့ ကိုကို'

'ဪ နောင်လေးရယ် ဖြစ်ရမယ် လာ ... ထ ကိုယ့်လက်ကိုကိုင်ပြီးထ'

'ဟုတ် ကိုကို'

နောင့်လက်မောင်းမှ အသာဆွဲကာ ထူမပေးလိုက်သည်။

'ဒီမှာခဏငြိမ်ငြိမ်လေးထိုင်နော်။ ကိုယ်ဆေးပုံးသွားယူလိုက်ဦးမယ်'

'ဟုတ်ကဲ့ ကိုကို'

ဆေးပုံးယူရန် စတိုခန်းသို့ ပြေးထွက်သွားခဲ့သည်။ ခဏနေတော့ ဆေးပုံးနှင့် အတူ ကိုကိုပြန်လာပြီး နောင့်ကိုဆေးလိမ်းပေးရင်း ပါးစပ်ကလည်း တဖွဖွဆူလေသည်။

'နောင်ကတော့ဖြစ်ရမယ်။အမြဲရှက်တိရှက်ပြာနဲ့။ အဲလှေကားကိုဖြည်းဖြည်းဆင်းလို့ ကိုယ်မပြောထားဘူးလား နောင်!'

'ပြောထားပါတယ်ကိုကို🥺ဒါပေမယ့်လေ......'

'ဒါပေမယ့် ဘာဖြစ်လဲ နောင်!'

'ဒါပေမယ့် နောင် 9တန်းကို Aနဲ့ အောင်တာ ကိုကို့ ကိုပြောပြချင်လွန်းလို့ ပြေးဆင်းမိတာပါ ဟင့်'

'ကိုယ် ဘာလုပ်ရသေးလို့ မျက်ရည်ကဝဲလာတာလဲနောင် ဟမ်? ကိုယ်အဲလိုပျော့ညံတာ မကြိုက်ဘူးလို့မပြောထားဘူးလားနောင်!'

'ဟုတ် ပြောထားပါတယ်ကိုကို ဟင့်'

'ကျစ် ပြောရင်းနဲ့ကွာ ထားတော့ နောက်တစ်ခါ အဲလိုပြေးဆင်းရဲဆင်းကြည့် ဒီခြေဖဝါးလေးတွေ စုတ်ပြတ်သွားအောင်လုပ်ပစ်မယ် ကြားလား'

'ဟုတ်ကဲ့ ကိုကို'

'ဒါနဲ့နောင် ခုဏကဆေးပုံးနောက်နားမှာဆေးလိပ်......'

'နောင့်ဟာမဟုတ်ဘူးနော် ကိုကို။ နောင်ဆေးလိပ်မသောက်ဘူးနော်။'

'နောင်!!! ကိုယ်စကားပြောနေတာတောင်မဆုံးသေးဘူးနော်။အဲဒါဘာဖြစ်တာလဲ??လူကြီးစကားပြောနေတုန်းဖြတ်မပြောရဘူးဆိုတာမသိဘူးလား??'

နောင်(Naung)Where stories live. Discover now