"ဟယ် ကိုရဲမလား ဘယ်လို့ရောက်လာတာလဲ'ဟုထိုမိန်းကလေးကပြုံးပြုံးရွှင်ရွှင်ဆိုလိုက်သည်။ထို့နောက်မှ
"အယ် နောင်လေး ဘာဖြစ်လာတာလဲ လာလာ အိမ်ထဲဝင်'ဟုဆိုကာခြံတံခါးဖွင့်ပေးသည်။အိမ်ထဲရောက်မှထိုမိန်းကလေးမှ
"ခဏနော် ခါး အအေးသွားဖျော်လိုက်ဦးမယ်"
ဆိုကာမီးဖိုချောင်သို့ ထွက်သွားလေသည်။ထို့အချိန်တွင်"ခဏနော် ကိုယ် ကလေးစက်ဘီးနဲ့ ဆေးထုတ်သွားယူလိုက်ဦးမယ်"ဟုဆိုကာကားဆီသို့ပြန်ထွက်လာခဲ့သည်။စက်ဘီးနှင့်ဆေးယူပြီးအိမ်ထဲသိုပြန်ဝင်လာတော့ထိုမိန်းကလေးသည်ကလေးနှင့်စကားပြောနေရာမှလှည့်ကြည့်ကာ
"ကိုရဲ ပေးပေး စက်ဘီးကိုခါးကိုပေး"ဟုဆိုကာ လက်ထဲမှ စက်ဘီးကိုယူ၍ထောင့်တစ်နေရာတွင်ထားလိုက်သည်။ပြီးနောက်
"လာ ကိုရဲထိုင်လေ ခါးကိုမမှတ်မိဘူးလား ၁၀တန်းတုန်းကမိုးခါးနွယ်လေ'ဟုထိုမိန်းကလေးမှဆိုလာသည်။ထိုအခါမှ
"အာ ခါး မှတ်မိပြီ ရုတ်တရက်ဆိုတော့မမှတ်မိတာ စိတ်မဆိုးနဲ့နော်။"
"မဟုတ်တာ ကိုရဲကလည်း စိတ်မဆိုးပါဘူး။ ခါးကလည်းရုပ်ပြောင်းသွားတာကို"
"အွန်း ဒါနဲ့ ခါးနဲ့ ကလေးက..."
"အော် ဒါက ခါးတူလေးလေ ခွန်းဆင့်နောင်တဲ့ နောင်လေးပြောပြလို့ ခါးအကုန်သိပြီးသွားပြီ အားနာလိုက်တာ ကိုရဲရယ် နောင်လေးအစားခါးကပဲတောင်းပန်ပါတယ်နော် နောင်လေးကအဲလိုပဲလုပ်လိုက်ရင်ရှက်ပြာရှက်ပြာနဲ့"
"အာ တီလေးနော် သားကမုဝင်သွားလို့ပါ ဒီကလူကြီးရဲ့ကားကလည်းလမ်းလယ်ကြီးရပ်နေတာကိုလို့ ဟွန့်"
"ရပါတယ် ခါးရယ် ကိုယ့်အမှားလည်းမကင်းပါဘူး"ထိုအချိန်တွင် အပေါ်ထပ်မှ
"ဟဲ့ ငွေမက်တဲ့မိန်းမ ငါခိုင်းနေတာကိုအခုချက်ချင်းလုပ်ပေးစမ်း ငါမြည်းဖို့အမြည်းသွားလုပ်ပေး"
ဟူသောအသံကိုကြားလိုက်သည့်နှင့်တစ်ပြိုင်နက် ခါးသည် မျက်နှာပျက်သွားသည်။ထို့နောက်ခါးက"နောင်လေး တီလေးတို့ သုခတို့ဆိုင်ဆီသွားရအောင်"
"ဟုတ် တီလေး သားလည်းဂိမ်းဆော့ချင်နေတာနဲ့အတော်ပဲ"
YOU ARE READING
နောင်(Naung)
Romanceစည်းကမ်းတင်းကျပ်တဲ့ကိုကိုနဲ့ပေါက်ကရလုပ်တတ်တဲ့ရှက်တိရှက်ပြာနောင်လေးတို့အကြောင်းရေးမှာပါနော်။ပထမဆုံးမို့လို့ အမှားပါရင်ခွေးလွှတ်ပါနော်😁