အပိုင်း(၄)Unicode

1.4K 76 10
                                    

ခါးတို့အိမ်ကိုရောက်ချိန်တွင်
"ခါး နောင်လေးအဆင်ပြေရဲ့လား "

"အွန်း ကိုရဲ နောင်လေးက သူ့အမေဆုံးသွားတာကိုသိပြီးကတည်းကအခန်းထဲကမထွက်လာတော့ဘူး ကိုရဲသွားခေါ်ကြည့်ပါဦး"

"အွန်း ကိုယ်သွားခေါ်လိုက်မယ် ဒါနဲ့နောင့်အဖေရော ပြန်လာသေးလား?"

"မလာဘူး အဲကောင်အကြောင်းမပြောပါနဲ့ကိုရဲရယ် သူကြောင့်အမစိတ်ထိခိုက်ပြီး ဆုံးသွားရတာ အခုလည်းအကြွေးရှင်တွေက အိမ်ကိုပါသိမ်းမယ်တဲ့လေ အမလည်းအဲဒဏ်တွေကြောင့်ဆုံးသွားရရှာတာ"
ဟူပြောကာ သူ့အမပုံကိုကြည့်၍ငိုနေလေသည်။ကျွန်တော်လည်းခါးကိုနှစ်သိမ့်စကားပြောပြီးနောင့်ဆီသို့ဦးတည်လာခဲ့သည်။

"ဒေါက် ဒေါက်"

"နောင်လေး ကိုကို့ပါ ဝင်လာမယ်နော်"
ဟုပြောကာအခန်းထဲသို့ဝင်သွားတော့နောင်လေးကကျွန်တော့်ကိုပြေးဖက်ပြီး

"ကိုကို နောင်လေးကြောက်တယ် ဟင့်  ဖေဖေကလည်းထားသွားတယ် မေမေကလည်းသားကိုထားသွားပြန်ပြီ ဟင့် သားတစ်ယောက်ထဲပဲကျန်တော့တာ...ဟင့်....သားကြောက်တယ် ကိုကို အီးဟီးးးး"
ဟုငိုနေတော့သည်။ကျွန်တော်လည်းရင်ခွင်ထဲမှနောင်လေးကို ကျောလေးကိုပုတ်ပေးကာ ခဏငြိမ်နေပေးလိုက်သည်။ခဏအကြာမှ

"နောင်လေး ကိုကို့ကိုကြည့်"ဆိုကာ မျက်နှာချင်းဆိုင်လိုက်သည်။

"နောင်လေးတစ်ယောက်ထဲမဟုတ်ဘူးနော် နောင်လေးမှာနောင်လေးကိုအရမ်းချစ်တဲ့ကိုကိုရှိတယ် ပြီးတော့ နောင်လေးရဲ့တီတီရယ် နောင်လေးရဲ့သူငယ်ချင်းတွေရယ် အများကြီးရှိတယ် ပြီးတော့ဘာမှမကြောက်နဲ့နော် ကိုကိုကနောင်လေးအနားမှာတစ်သက်လုံးနေပေးသွားမှာ ဟုတ်ပြီလား"

"ဟုတ် ကိုကို"

"အဲဒါဆိုထ မငိုနဲ့တော့နော် ကိုကိုတို့ တစ်ခုခုသွားစားကြရအောင်"

"ဟုတ်ကိုကို"

ကျွန်တော်'Lion'ကိုပဲမောင်းလာခဲ့တော့သည်။နောင်လေးကိုထမင်းကျွေးကာ အိမ်သို့ပြန်ပို့ပေးခဲ့ပြီး ကျွန်တော်လည်း ကုမ္ပဏီ သို့သွားလိုက်တော့သည်။

နောင်(Naung)Where stories live. Discover now